(43)
အရေးပေါ်ခန်းထဲက သွေးတွေနဲ့လဲနေတဲ့ထက်ကို ငေးကြည့်နေရင်း ဘာမှမဖြစ်ပါစေနဲ့လို့ အကြိမ်ကြိမ်ဆုတောင်းနေတဲ့ဟန်လေးတစ်ကိုယ်လုံးမှာလဲ အကျီ အစိမ်းရောင်လေးမှာတောင်သွေးတွေ စိုရွှဲလို့၊ ကိုယ့်ခန္ဓာကိုယ်မှာ ပေနေတဲ့ သွေးတွေကိုတောင် ဂရုမစိုက်နိုင်တော့ ၊
တုန်လှုပ်စွာ ဆေးရုံ နံရံထောင့်လေးမှာ ထိုင်ချလိုက်ရင်း လက်နှစ်ဖက် ပေါ်မျက်နှာအပ်ကာ ငုံ့ငိုနေရင်း ဟန်လေးတစ်ယောက် ရှိုက်ကာ ရှိုက်ကာ ဖြင့်...
" ဟန်လေး... ကျွန်တော့် အကျီ ခဏယူ၀တ်ထား လိုက်ပါလား။"
" အဆင်ပြေပါ့မလား ကိုငယ်၊ ထက်သာ တစ်ခုခုဖြစ်သွားရင်း ဘယ်လိုလုပ်မလဲ..."
ရှိုက်ကြီးတငင် ကိုငယ်ရဲ့ လက်ကိုအားကိုးတကြီး ဆုပ်ကိုင်ကာ ယူကျုံးမရ ဖြစ်နေတဲ့ ဟန်လေးကို ကိုယ်ငယ် ဖက်ထားလိုက်ရင်း...
" ထက် က သန်မာတဲ့ သူပါ၊ သူကျော်လွှားနိုင်မှာပါ..."
နှိပ်သိမ့်ပေးနေတဲ့ ကိုငယ် ကိုယ်တိုင်မှာလဲ အသံတွေတုန်ရီနေကာ ငိုချင်စိတ်ကို အံကြိတ်တင်းခံနေရမှန်း သိသာနေသည်။
အိမ်မပြန်တော့ဘဲ အနားရှိ စတိုးတစ်ခုမှာ စားစရာ၀င်၀ယ်နေရင်း ထက်ကို ကားပေါ်မှာစောင့်ခိုင်းထားမိတဲ့ သူ့အပစ်ဟုသာ အကြိမ်ကြိမ် ရေရွတ်နေတဲ့ ဟန်လေးကို နှစ်သိမ့်ပေးနေရသည်။
" ကျွန်တော် ...ကျွန်တော်သာ ထက်ကို မထားခဲ့ရင်အခုလိုဖြစ်မှာမဟုတ်ဘူး..."
ထက် ရှိတဲ့ကားဘက်အခြမ်းတည့်တည့်ကို အဓိပ္ပာယ် ရှိရှိနဲ့၀င်တိုက်သွားတာ ဖြစ်တဲ့အတွက် ဒါဟာလုပ်ကြံ မှု မှန်း ကိုငယ် သိလိုက်သည်။ ကြေမွနေတဲ့ ဘယ်ဘက် တစ်ခြမ်းကနေ ထက်ကိုဆွဲထုတ်ထားရတာကြောင့် ဟန်လေး ခန္ဓာကိုယ်မှာ ထက်ရဲ့ သွေးတွေ ပေကျန်နေတာ မြင်မကောင်း...
" အဆင်ပြေမှာပါ ဟန်လေးရယ်၊ အဆင်ပြေမှာပါ၊ ထက် ကိုငယ်တို့ကို ဒီလို ထားသွားမှာမဟုတ်ဘူး။"
" ကျွန်တော့် အပစ်တွေပါ၊ ကျွန်တော့်အပစ်တွေ..."
ခတ်ခတ်ခဲခဲ ခွဲစိတ် မှုကို လုပ်နေရမှန်း ဆရာ၀န်အကူလေးတစ်ယောက်က ထွက်လာကာ လူနာရှင်ရဲ့ ခွင့်ပြုချက်ကိုယူသည်။
YOU ARE READING
တောရိုင်းပန်းတို့မညိုးစေချင်။
Acciónဝေးကွာရခြင်း... ထိုဝေးကွာရခြင်းကို ချစ်ရတဲ့သူကဘဲ ရွေးချယ်ခဲ့တဲ့ နောက်ပြန်မလှည့်ခြင်းတွေ... ဖခင်ဖြစ်သူ ရဲ့ရည်မှန်းချက်နဲ့ တောရိုင်းပန်းတွေကို မညိုးစေချင်ခဲ့တဲ့ တယောငယ်ဆိုတဲ့ ဆရာ၀န်မလေး... ဘယ်လောက် ဘဲ ဝေးမဲ့လမ်းတွေလာပါစေ ချစ်ရသူအတွက်ဆို ပင်လယ်ကိုလည်း...