တောရိုင်းပန်းတို့မညိုးစေချင်(12)

854 52 2
                                    

                               (21)

ကားပေါ်မှာထိုင်ကာ လည်ပင်းနဲ့မျက်နှာက ရေတွေကို တစ်ရှုးဖြင့်သုတ်ရင်း ...

" ဘယ်လိုလဲ အမကြီး။"

"ပါးစပ်ပိတ်ထား ဟန်လေး။"
ရှေ့မှာ ရှိတဲ့ ရေခွက်ထဲက ရေနဲ့ ကောက်ပတ်လိုက်တာ ဘဲ ကျေးဇူးတင်ရမည်၊ တော်သေး ဖန်ခွက်ပါ ပါမလာလို့..

ထက် က စိတ်ပေါက်ပေါက်နဲ့ ငေါက်လိုက် ကြောင့် ပါးစပ်လေးကို လက်ကလေးနဲ့ အုပ်ကာ ကြိတ်ရီနေရတဲ့ ဟန်လေး ရယ်ပါ။

" လာပါ အိမ်ပြန်ရအောင်။"

"အခုလေး တင်နှင်ချ ခံ လာရတာလေ ၊ ဘယ်အိမ်ပြန်မှာလဲ၊ ။"

"ဟ ကျွန်တော့် အိမ်လေ။"

" ဒီမှာဘဲနေမှာ။"

" ဘာတုန်း ကားထဲမှာ အိပ်မှာလား။"

" ဒီမှာဘဲ အိပ်မှာ။"

" ထက် ရယ် ဟုတ်မှလဲ လုပ်ပါ။"

"ဘာကို မဟုတ်ရမှာလဲ၊ ဟိုမှာတွေ့လား၊လှိုက်ကာ နောက်ကနေ မမချောင်းကြည့်နေတယ်။"

ဟန်လေး လှည့်ကြည့်လိုက်တော့ လှိုက်ကာနောက်ကနေ လှစ် ခနဲ အမြန် ပြေးထွက်သွားတဲ့ တယောငယ် ကို ဟန်လေး လှမ်းကြည့်လိုက်ကာ ကြိတ်ပြုံးလေး ပြုံးလိုက်မိသည်။

" ကဲ အမ ၇ နာရီ ခွဲတော့မယ်၊ ဘာလုပ်မှာလဲ၊ တကယ် ဒီမှာ အိပ်မှာလား။"

"အွန်း..."

နောက်ခုံကို  လက်ပိုက်ကာ မှီချ လိုက်တဲ့ ထက်ကို ဟန်လေးက မနိုင်ဘူးဆိုသည့် အကြည့်ဖြင့် ခေါင်းခါလိုက်ကာ  လှည့်ကြည့်လှည့်ကြည့်ဖြင့် ပြန်သွားခဲ့သည်။
ပြန်သာပြန်ရတာ တစ်ယောက်ထဲလမ်းမမှာ အိပ်မည်ဆိုသည့် ထက်ကို ဟန်လေးစိတ်ပူရသေးသည်။ သူကပြောရင်ပြောတဲ့အတိုင်း လုပ်မှာ သိတာကြောင့် အတင်းခေါ်လည်းရမှာ မဟုတ် ဘူးဆိုတာ သူသိသည်လေ။

အိမ်ထဲက တယောငယ် တစ်ယောက်ကတော့ ဟိုလျှောက်ဒီလျှောက်ဖြင့် ဘာလုပ်ရမလဲ မသိ
အပြင်မှာ တစ်ယောက်ထဲထားလို့ကလဲ မရ၊ အိမ်ထဲ သွားခေါ်ဖို့ကလဲ မျက်နှာချင်းဆိုင်မိရင် သူ့စိတ်သူ သိနေတာကြောင့် လှိုက်ကာနောက်ကနေ သာ ကြည့်လိုက်ကွယ်လိုက် လုပ်နေရသည်။
အချိန်ကြည့်တော့ ၉ နာရီထိုးနေပြီ ဖြစ်တာကြောင့် မိန်းကလေးတစ်ယောက်ထဲ အခုမှရောက်ဖူးတဲ့ရွာလမ်းမ မှာ တစ်ယောက်ထဲ နေတာ အဆင်မပြေနိုင်မှန်းသူမ စိတ်ပူမိသည်။

တောရိုင်းပန်းတို့မညိုးစေချင်။Where stories live. Discover now