(29)
ည ကမူးနေတဲ့ အရှိန်ကြောင့် ဟန်လေးတစ်ယောက် ယိုင်တိုင်တိုင်ထလာရသည်။
ထက်ကို တွေတော့ ထက်က ဘာမှမဖြစ်သလိုပင် ရေချိုးပြီးလို့ အ၀တ်အစားတောင် လဲပြီးနေပြီ။
" ထက် ဒေါက်တာတို့ရော။"
"ဟေ အေး... ရွာထိပ်က ဦးလေးကြီး လာခေါ်လို့ သူမိန်းမ ဖျားနေလို့တဲ့၊ နှစ်ယောက်စလုံးသွားကြတယ်"
" ရွာထိပ်က ဆိုတော့ ကိုပေတူး မိန်းမ ထင်တယ်"
"မသိပါဘူးကွာ၊ အဲ့တာ သူတို့က မင်းနိုးရင် နှစ်ယောက် ကျောင်းကိုလိုက်ခဲ့တဲ့၊ ထမင်းချိုင့် ပါယူသွားရအောင်။"
" ဟင်းချက်ဖို့ ဘယ်က ရတာလဲ။"
"မနက်က မမ ကို ရွာက ကလေးတွေက ၀က်သား လာပို့ထားတယ်၊ သူတို့ အိမ်က သတ်လို့တဲ့။"
" ဟ ပေါ် တာ လို့ ပြောပါ ထက်ရယ်။"
"အေးပေါ် တာ၊ ငါလည်း အဲ့တာကိုမေ့နေလို့။"
" အဲ့တာဆို ကျွန်တော် ရေမိုးချိုးအ၀တ်အစားလဲလိုက်အုံးမယ်။"
"အေးအေး" ပြုံးစိစိနဲ့ ကြည်လင်နေတဲ့မျက်နှာထားကြောင့် ဟန်လေး ထက်ကို တစ်ချက်ကြည့်လိုက်သည်။
"ထက် ..."
"ဝေ ..."
"ပျော်နေတာလား ၊ ညက အသောက်လွန်သွားပြီး လစ်နေတာလား။"
"ပျော်နေတာပေါ့၊ ညက မင်းဘဲမူးတာ၊ ငါ ၅ ခွက်ဘဲသောက်တာ။"
"အဲ့တာဆို ထက် ကျွန်တော့်ကိုပြန်သယ်လာတာပေါ့၊ ဒီအိပ်ရာထိ။"
"မဟုတ်ဘူး၊ ငါ့မမ နဲ့မင်း မမနွေး ပြန်သယ်လာတာ။"
" ဟင် သူတို့က...ကျွန်တော်တို့ကို...ဒီနေရာအထိ...။"
ဟန်လေးက တအံတသြ နဲ့ ပြောကာ အိပ်ရာကိုကြည့်လိုက် ထက်ကိုကြည့်လိုက်ဖြင့်မယုံကြည်နိုင်ဖြစ်နေသည်။
" ဘယ်လိုမျက်နှာ ချင်းဆိုင်ရမလဲ။ အခုမှ အမှတ်ယူတုံးကို။"
ခေါင်းကုတ်ကာ ပြောတဲ့ ဟန်လေးကြောင့် ထက်က အားရပါးရရီ လိုက်ပြီး
YOU ARE READING
တောရိုင်းပန်းတို့မညိုးစေချင်။
Actionဝေးကွာရခြင်း... ထိုဝေးကွာရခြင်းကို ချစ်ရတဲ့သူကဘဲ ရွေးချယ်ခဲ့တဲ့ နောက်ပြန်မလှည့်ခြင်းတွေ... ဖခင်ဖြစ်သူ ရဲ့ရည်မှန်းချက်နဲ့ တောရိုင်းပန်းတွေကို မညိုးစေချင်ခဲ့တဲ့ တယောငယ်ဆိုတဲ့ ဆရာ၀န်မလေး... ဘယ်လောက် ဘဲ ဝေးမဲ့လမ်းတွေလာပါစေ ချစ်ရသူအတွက်ဆို ပင်လယ်ကိုလည်း...