တောရိုင်းပန်းတို့မညိုးစေချင် (21)

1.3K 64 9
                                    


                              (35)

မနက်တိုင်း ပုံမှန်ထနေကျအချိန် ကို တယောငယ် တစ်ယောက် အကျင့်ဖြစ်နေပြီ ဖြစ်သည်၊
တိတ်ဆိတ်လွန်းလို့ အိမ်ရှေ့တွေထွက်ကြည့်တော့...

ဗုဒ္ဓေါ ! ဟိုနှစ်ယောက် အစအန ပင်ရှာမတွေ့ ၊ အိပ်ရာ ခြင်ထောင်ခင်း တွေလဲ အကုန် သိမ်းထားပြီးသား။

ဘယ်များသွားနေပါလိမ့်ဟု တယောငယ် နားမလည်စွာ ရေရွတ်ရင်း ကျောင်းစာသင်ဖို့ ဖီးလိမ်းပြင်ဆင်ရသည်။

သူမ အိမ်တံခါးပိတ်သည့် အချိန်ထိ အရိပ်ယောင်တောင် မမြင်ရ တဲ့အတွက် ဘေးပတ်၀န်းကျင်ကိုလဲ လိုက်လံကြည့်မိပြန်သည်။

" ဘယ်တွေများ လျှောက်သွားနေပါလိမ့်..." တီးတိုးရေရွတ်ရင်း ကျောင်းဆီထွက်လာတဲ့ လမ်းတစ်လျှောက်မှာလဲ လိုက်ရှာနေမိသေးသည်။

ကျောင်းဆီ ရောက်ခါနီး မှာတော့ ဘယ်လိုမှ ရှာ မတွေ့တဲ့ အဆုံး စိတ်ပူမှုနှင့် စိတ်တိုမှုတို့ ထွက်ပေါ်လာပြီ။

" မပြောမဆိုနဲ့ ဘယ်တွေလျှောက်သွားနေတာ လဲမသိဘူး၊ ငါ့ကိုနည်းနည်းပါးပါး ပြောသွားရင် ဘာဖြစ်မှာမို့လို့လဲ ၊ အလေးထားတယ်ဆိုတာ အပြောသက်သက် အာလိုက်ချောင်နေတဲ့ ယွန်းထက်မေ။"

ပွစိပွစိ ပြောရင် ကျောင်းရှိရာဆီ ရောက်လာတော့

" ဟင် ၊ ဘာတွေလဲ။"

တူတွေလွှတွေနဲ့ အလုပ်ရှုပ်နေတဲ့ ရွာသား ၄၊၅ယောက်ကို ကြည့်ရင်း တယောငယ် မျက်မှောင် ကြုပ်မိသည်။

" ဟာ ဆရာမလေး လာပြီ။"

ရွာသားတစ်ယောက်အသံကြားတော့မှ
ထက်နဲ့ ဟန်လေးက ရောက်လာကာ

" ရောက်လာပြီလားမမ။"

"မပြောမဆိုနဲ့ ဘယ်တွေရောက်နေတာလဲ။"

" မဟုတ်ပါဘူး မမရယ် ၊ ထက် စာသင်ခုံတွေအသစ်ပြန်လုပ်ပေးချင်လို့ပါ ၊ မမကိုနှိုးရင် အိပ်ရေး ပျက်မှာစိုးလို့ ဟန်လေးနဲ့ ၂ယောက်ထဲ တိတ်တိတ်လေး ထွက်လာခဲ့တာ။"

သူမကို မပြောလို့ စိတ်တိုနေတဲ့တယောငယ် ရဲ့ မျက်စောင်းက ထက်ဆီ ကျလာပြန်သည်။

တောရိုင်းပန်းတို့မညိုးစေချင်။Where stories live. Discover now