(5)
ဒီတစ်နှစ်ပြီး ရင် ထက်ရဲ့ အင်ဂျင်နီယာ ကျောင်းပြီးဆုံးတော့မည်။ ဖေဖေ နဲ့မေမေ ရဲ့ ကုမ္မဏီကို ဆက်လက် ဦးဆောင်ဖို့အတွက် အဆင်သင့်ပြင်ထားသင့်ကြောင်း အမွေထိန်း ရှေ့နေ ကပင်သတိပေးနေပြီ။
အင်ယား ရဲ့ရေပြင် ကိုငေးကြည့်ရင်း သက်ပြင်းတွေကို အထပ်ထပ် ချနေမိသည်။
အချိန် ၂ နှစ်တောင် ကျော်နေတဲ့အချိန် မမတစ်ယောက် အဆင်မှပြေပါ့မလား... ဘယ်ဆီဘယ်နေရာကို မှ ရောက်နေပြီလဲ၊ မမ တန်ဖိုးထားတဲ့မျှော်လင့်ချက်တွေရောပြည့်နေပြီလား...
တနေ့မှမေ့ မရဘူးဆိုတာ ရော သိရဲ့လား။
ထွက်သွားတုန်းကဆို နောက်ဆုံးတွေ့ဖို့ အတွက် ခွင့်တောင်း ခဲ့တာတောင် သူမ မျက်နှာကို လုံး၀ မမြင်ချင်ပါဘူးဆို ပြီး တိတ်တဆိတ် ထွက်သွားတဲ့မမ ...။သိပ်ကို လွမ်းရပါတယ် ချစ်သောရေ...မောင့်ရဲ့လွမ်းခြင်းတွေဟာ အသံဖြစ်နိုင်ရင် သိပ်ကို ဆူညံနေမှာ အချစ်ရဲ့...။
(6)
မိုးက မနက်ထဲသည်းကြီးမဲကြီး ရွာနေသည်။ သည်မိုးနဲ့ဆို ဘယ်လိုမှ ရွာရဲ့ သစ်သားကျောင်းလေးက မိုးလုံနိုင်မှာ မဟုတ်တော့၊ အဖာအထေးအထပ်ထပ် ဖြစ်နေတဲ့ သွပ် တွေကနေ ဘယ်လိုမှ သည်မိုးဒဏ်ကို ကာကွယ်နိုင်မည်မဟုတ်တော့။
" ဗျို့ ဆရာမလေး"
ပြတင်းပေါက်ကနေ သည်းကြီးမဲကြီး ရွာနေတဲ့မိုးကိုကြည့်ရင်း ရွာထဲ ကိုပေတူး ရဲ့ ခေါ်သံကြောင့် လှမ်းကြည့်တော့ ဓနိရွက်လေး ခေါင်းပေါ်မိုးကာ" ဟယ် ကိုပေတူးရယ်၊ မိုးတွေဒီလောက်သည်းနေတာကို အမိုးအကာလေး၀တ်လာမှပေါ့။"
" ရပါတယ်ဆရာမလေးရယ်၊ ကျုပ်က ရိုးနေပါပြီ ဒါမျိုးတွေကို။"
" ဒါနဲ့ ကိုပေတူး ၊ ကလေးတွေ ကျောင်းမှာလား။"
"လာရင်းကိစ္စလည်း အဲ့တာပါဘဲဗျာ၊ ကလေးတွေဒီမိုးနဲ့စာကောင်းကောင်းသင်နိုင်မှာ မဟုတ်ဘူး၊ အဲ့တာကြောင့်ကျုပ်တို့ရွာသားတွေ ကျောင်းအမိုးတွေတတ်ဖာ ပေးနေကြတယ်။ ပြီးသလောက်တော့ဖြစ်နေပါပြီ။"
YOU ARE READING
တောရိုင်းပန်းတို့မညိုးစေချင်။
Hành độngဝေးကွာရခြင်း... ထိုဝေးကွာရခြင်းကို ချစ်ရတဲ့သူကဘဲ ရွေးချယ်ခဲ့တဲ့ နောက်ပြန်မလှည့်ခြင်းတွေ... ဖခင်ဖြစ်သူ ရဲ့ရည်မှန်းချက်နဲ့ တောရိုင်းပန်းတွေကို မညိုးစေချင်ခဲ့တဲ့ တယောငယ်ဆိုတဲ့ ဆရာ၀န်မလေး... ဘယ်လောက် ဘဲ ဝေးမဲ့လမ်းတွေလာပါစေ ချစ်ရသူအတွက်ဆို ပင်လယ်ကိုလည်း...