(51)
ရတုပိုင် တစ်ယောက် ထက်ရဲ့ ငြိမ်နေမှုကို အခွင့်ကောင်းယူကာရွာ သို့ ပြန်ရောက်လာခဲ့သည်။
ဒီတစ်ခါတော့ သူ့ရည်ရွယ်ချက်ကို တားနိုင်မဲ့သူမရှိတော့ ဟု တွေးရင်း အပျော်ကြီး ပျော်နေလေရဲ့။
ရွာလူကြီးနဲ့ ရွာသားတွေမှာတော့ ဆောက်လုပ်ရေးနေရာဟုသတ်မှတ်ထားတဲ့ အပြင်ဘက်ကနေကာ
ထိုလူတွေကို အစိမ်း၀ါး မတတ် ကြည့်နေကြလေသည်။ သူတို့ မြတ်နိုးရတဲ့ နေရာကိုမှ မိုးကျရွှေကိုယ်တွေအတွက် အပန်းခြေစခန်းဆောက်လုပ်မည် ဆိုတဲ့ သတင်းကြောင့် အံကိုတင်းတင်းကြိတ်ကာ မခံမရပ်နိုင် လက်သီးကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ထားကြရင်း... သစ်သားစာသင်ကျောင်းလေးကို စိတ်ရှိလက်ရှိဖျက်စီးနေကြသူတွေကြောင့် မျက်ရည်တွေပင်ကျ နေရပြီ။
ရွာထဲက လူငယ် နဲ့ သက်လက်ပိုင်းတွေလဲ တုတ်တွေဓားတွေဆွဲကာ ရောက်လာကြသည်။"ငါ တို့ရွာရဲ့ ကျောင်းမြေကို မင်းတို့ လက်၀ါးကြီးအုပ်ချင်တိုင်း အုပ်လို့မရစေရဘူးဟေ့...!"
အော်ကာ ပြေး၀င်လာကြရင်း ကျောင်းကိုဖြိုနေတဲ့ သူတွေကို ပြေးရိုက်ကြတော့သည်။
၀ရုန်းသုန်းကားဖြစ်ကုန်တဲ့အခြေအနေ ကို ရတုပိုင်ရဲ့လူတွေလဲ ထိန်းမရတော့..." ဘာဖြစ်နေကြတာလဲ။" အော်သံတွေကြောင့် ဘေးက အတွင်းရေးမှူးကိုမေးတော့
" ကျွန်တော်သွားကြည့်လိုက်ပါ့မယ် ဆရာ။"
ခဏကြာတော့ အတွင်းရေးမှူးက အလောတကြီး ပြေးလာကာ" ဆရာ ...ရွာ...ရွာသားတွေ ကျွန်တော် တို့လူတွေကို ၀င်ရိုက်ကုန်ပြီဆရာ။"
"ဘာ...မလောက်လေးမလောက်စားတွေက ! "
သတ်မှတ်နယ် မြေထဲ ရောက်တော့ ရတုပိုင်က
အော်တားလဲ ဘယ်သူမှမရပ်တာကြောင့် အဆင်သင့်ဆောင်ထားတဲ့ သေနတ်ကိုယူကာ" ဒိုင်း..!"
အကုန်လုံး ငြိမ်သတ်ကုန်သည်။
" ခင်ဗျား တို့မြေတွေအတွက် လျှော်ကြေးငွေကို ကုမ္မဏီက ပေးပြီးသား၊ ဒီတိုင်း မရပ်ရင် တရားဥပဒေ နဲ့ ငြိချင်ကြတာလား။"
YOU ARE READING
တောရိုင်းပန်းတို့မညိုးစေချင်။
אקשןဝေးကွာရခြင်း... ထိုဝေးကွာရခြင်းကို ချစ်ရတဲ့သူကဘဲ ရွေးချယ်ခဲ့တဲ့ နောက်ပြန်မလှည့်ခြင်းတွေ... ဖခင်ဖြစ်သူ ရဲ့ရည်မှန်းချက်နဲ့ တောရိုင်းပန်းတွေကို မညိုးစေချင်ခဲ့တဲ့ တယောငယ်ဆိုတဲ့ ဆရာ၀န်မလေး... ဘယ်လောက် ဘဲ ဝေးမဲ့လမ်းတွေလာပါစေ ချစ်ရသူအတွက်ဆို ပင်လယ်ကိုလည်း...