(45)
"တောက်...!"
"မိဘ မျက်နှာ အိုးမဲသုတ်တဲ့ဟာမ။"
သူကြီးရဲ့ ဒေါသသံ က ဟိန်းထွက်နေလေသည်။ မိခင်ဖြစ်သူမှာတော့ ခုံပေါ်မှာ ထိုင်ကာ ငိုကြွေးနေရင်း ယူကြုံးမရ စွာနဲ့ သူ့ယောက်ျားကိုအပစ်တင်နေကာ
" ရှင့် ကိုပြောတယ် သမီးမကြိုက်တာကို အတင်းမလုပ်ပါနဲ့ဆိုတာကို အခုတော့ရှင်ဘာတတ်နိုင်သေးလဲ။"
" ဘာတတ်နိုင်နိုင် ၊ သူတောင်မှ စွန့်ခွာသွားနိုင်သေးတာဘဲ၊ ငါတို့လဲ စွန့်ပစ်နိုင်တယ်။"
" ရှင်ဘဲစွန့်ပစ် ၊ ကျွန်မ သမီးကို ကျွန်မ ၀မ်းနဲ့လွယ်ပြီး မွေးထားရတာရှင့်။"
မိဘ တွေရဲ့ တစ်ယောက်တစ်ပေါက်စကားများကြောင့် အခန်းထဲက ပေါက်စထွက်လာကာ
" ဘာဖြစ်ကြတာလဲ ၊ စောစောစီးစီး။"
" မင်း အမ လင်နောက် မဟုတ်သေးဘူး မယားနောက် လိုက်သွားပြီ။"
"ဗျာ...!"
" မိုက်လိုက်တဲ့ သမီးမိုက်။"
" မမလွန်တယ် ဒီလို မလုပ်သင့်ပါဘူးဗျာ။ "
သူမဟုတ်သလိုပင် မျက်စိမျက်နှာ ပျက်ပြလို့ စိတ်မကောင်းဖြစ်နေတဲ့ပုံလုပ်ပြနေလေသည်။စိတ်ထဲမှာတော့ ကြိတ်ပြုံးပြုံး လို့ သူ့အကြံသူ သဘောကျနေလေရဲ့။
သူကြီးသာ သိလျှင် ပေါက်စတစ်ယောက် မတွေးရဲစရာ...။
# # #
အစားလဲမစား ၊ ခဏလောက်သာ မှေးပြီး ထက်ကိုဘဲ တစ်ချိန်လုံး ကြည့်နေတဲ့ သမီးဖြစ်သူကြောင့် ဒေါ်ရတီလှိုင်း သက်ပျင်းတစ်ချက်ချရင်း တယောငယ်ရဲ့ ပခုံးလေးကို အသာအယာ ပုတ်ပေးနေမိသည်။
အခန်း ၁၆ မှာတော့ ဟန်လေးတစ်ယောက် ကိုငယ်ရဲ့ စကားကြောင့် ဒေါသတွေထွက်ကာ လက်က ဆေးသွင်းပိုက်တွေအကုန် ဆွဲဖြုတ်ပြီး အသေသတ်မည် ဟုတ်ကြိမ်း၀ါးနေတာကြောင့် ကိုငယ် ခမျာ အသဲအသန်ဆွဲနေရရှာသည်။ အော်ဟစ်သံကြောင့် အခန်းရှေ့မှာ စကားပြောနေတဲ့ နွေးနဲ့ ဒေါက်တာမြပုလဲသွယ်လဲ အလောတကြီး ၀င်လာတော့ ဟန်လေး ကို အသဲအသန်ထိန်းနေရသည့် ကိုငယ်နဲ့ ဒေါသတကြီးဖြစ်နေတဲ့ဟန်လေးကိုတွေ့လိုက်ရတာကြောင့်
YOU ARE READING
တောရိုင်းပန်းတို့မညိုးစေချင်။
Actionဝေးကွာရခြင်း... ထိုဝေးကွာရခြင်းကို ချစ်ရတဲ့သူကဘဲ ရွေးချယ်ခဲ့တဲ့ နောက်ပြန်မလှည့်ခြင်းတွေ... ဖခင်ဖြစ်သူ ရဲ့ရည်မှန်းချက်နဲ့ တောရိုင်းပန်းတွေကို မညိုးစေချင်ခဲ့တဲ့ တယောငယ်ဆိုတဲ့ ဆရာ၀န်မလေး... ဘယ်လောက် ဘဲ ဝေးမဲ့လမ်းတွေလာပါစေ ချစ်ရသူအတွက်ဆို ပင်လယ်ကိုလည်း...