(31)
တံခါးတွေအကုန်ပိတ်ပြီး လမ်းရောက်တော့မှ ခြေသလုံးနားက စပ်ဖျင်းဖျင်းဖြစ်နေတာကြောင့် ငုံကြည့်လိုက်တော့ ခုံကျိုးတုန်းက သံနဲ့ ခြစ်မိလိုက်ထင်၏၊ ၆ လက်မလောက် ရှရာ ဖြစ်နေသည်။
ဘောင်းဘီတို ၀တ်ထားတာကြောင့် အကာအကွယ်မရှိတဲ့ ခြေသလုံး က ဘေးကလူမြင်ရင်တောင် ဒဏ်ရာရထားမှန်းသိသာတဲ့ အရွယ်အစားလောက် ရှိသည်။ သွေးကလည်း အကြောထိသွားသလို ထွက်နေတာကြောင့် နာနေတဲ့ ခြေထောက်ကို အားပြုကာ အိမ်ရောက်ဖို့ ခပ်သွက်သွက်လျှောက်လိုက်မိသည်။ သွေးပူနေတုန်း မသိလိုက်တာကြောင့်ဖြစ်မည်၊ အခုမှ ဒဏ်ရာက တဆစ်ဆစ်ကိုက်ကာ သွေးတွေထွက်နေလေသည်။
နာကျင်နေတဲ့ဒဏ်ရာကြောင့်ရော လမ်းကျဥ်းလေးထဲက အမြင်အာရုံကြောင့် ဒေါသတွေထောင်းထောင်းထွက်သွားခဲ့ရတော့သည်။
ထက်ပိုင် နဲ့ တယောငယ်...
ထက်ပိုင်ရဲ့နှဖူး ကို သူမလက်ဖ၀ါးနဲ့ ပြုံးရီကာစမ်းနေတဲ့ မြင်ကွင်း...
" အဲ့တာ ဘာဖြစ်နေကြတာလဲ !"
"ဟင် ...မောင် ..."
ထက်ရဲ့ အော်သံကြောင့် နှုတ်ကနေ လွှတ်ခနဲ မောင်ဟု တိုးညှင်းစွာ ခေါ်လိုက်သံကို ထက်ကတော့ မကြားလိုက်ပေမဲ့ ရှေ့မှာ ရပ်နေသူ ထက်ပိုင် ကတော့ အသေအချာ ကြားလိုက်ရသည်။
" လူမြင်ကွင်း ကြီးမှာ အဲ့တာဘာဖြစ်နေတာလဲ။"
"အဖျားစမ်းနေတာလေ။"
တည်တည်ငြိမ်ငြိမ်ပြန်ပြောနေတဲ့ မမရဲ့ လက်ကို တင်းတင်းကျပ်ကျပ်ကိုင်လိုက်ကာ
" အခုချက်ချင်း ပြန်လိုက်ခဲ့..."
"လွှတ် ယွန်းထက်မေ ၊ မင်း လွှတ်စမ်း..."
" လိုက်ခဲ့လို့ ပြောနေတယ်လေ..!"
ဒေါသ သံနဲ့အော်လိုက်တာကြောင့် တယောငယ် ကိုယ်လေး တုန်သွားခဲ့သည်။ လက်ကိုဆွဲကာ ထွက်မည် အလုပ် နောက်က ထက်ပိုင် က တယောငယ် ရဲ့လက်ကို လမ်းဆွဲထားလိုက်တာကြောင့် မျက်ခုံးတွေတွန့်ချိုးကာ နောက်လှည့်ကြည့်တော့...
YOU ARE READING
တောရိုင်းပန်းတို့မညိုးစေချင်။
Actionဝေးကွာရခြင်း... ထိုဝေးကွာရခြင်းကို ချစ်ရတဲ့သူကဘဲ ရွေးချယ်ခဲ့တဲ့ နောက်ပြန်မလှည့်ခြင်းတွေ... ဖခင်ဖြစ်သူ ရဲ့ရည်မှန်းချက်နဲ့ တောရိုင်းပန်းတွေကို မညိုးစေချင်ခဲ့တဲ့ တယောငယ်ဆိုတဲ့ ဆရာ၀န်မလေး... ဘယ်လောက် ဘဲ ဝေးမဲ့လမ်းတွေလာပါစေ ချစ်ရသူအတွက်ဆို ပင်လယ်ကိုလည်း...