Episode 10(Z+U)

5.7K 507 16
                                    

[Zawgyi]
10

မွန် သူမအခန်းထဲကသော့ကလျော့လေးပြေးဝင်ကာ တံခါးကိုပိတ်ချမိလိုက်သည်။ ကျော်စွာမင်းဒီညဘာလို့အူမြူးနေသလဲတွေးနေတုန်းရှိသေး။နှင်းပန်းရဲ့ဆေးခန်းမီးလောင်တယ်လို့ထက်သူရ တို့ထံမှသတင်းရခဲ့သည်။

မွန်အရင်ကသူမဖုန်းနံပတ်အသစ်ကိုထက်သူရတို့အားမပေးထားပေမဲ့ လွန်ခဲ့သောရက်ကထက်သူရနှင့်စကားပြောဖြစ်တုန်းသတင်းထူးပါကဆက်သွယ်လို့ရအောင် ဖုန်းနံပတ်ပေးထားလိုက်သည်။

မကြာသေးမီကပဲ ထက်သူရကဆက်သွယ်၏။ နှင်းပန်းရဲ့ဆေးခန်းမီးလောင်လို့ နှင်းပန်းကိုဆေးရုံတင်လိုက်ရတယ်တဲ့။ ကြားကြားချင်းစိတ်ပူလွန်းလို့ ထိုင်မရထမရပေ။ နှင်းပန်းဆီသွားဖို့အတွက် မွန် အဝတ်လဲဖို့သူမအခန်းဆီလှမ်းသွားရင်း ကျော်စွာမင်း၏အခန်းထဲမှရယ်သံကြောင့်အနည်းငယ်ဟနေသောတံခါးမှချောင်းကြည့်မိရာ ကျော်စွာမင်းလက်ချက်မှန်းမွန်ရိပ်မိလိုက်ပြီ။

မွန် ဘာလုပ်ရမလဲ။ သူမကြောင့် နှင်းပန်းလေးထိခိုက်ရတာများလှပြီမို့ မွန့်ရင်တွေလည်းနာလှပါပြီ။ နှင်းပန်းကအစွဲအလမ်းသိပ်ကြီး၏။ ခုချိန်ထိတောင်မွန့်အပေါ်ခံစားချက်တွေမကုန်သေးတာသူမမျက်လုံးတို့တွင်အတိုင်းသားမြင်နေရသည်။

အခုချိန်မှနောင်တရတယ်ဆိုသိပ်ကိုနောက်ကျသွားပြီဆိုပေမဲ့ မွန် နောင်တ တကယ်ရသည်။ နှင်းပန်း၏ဘဝကိုပိုမိုမြင့်တက်စေချင်စိတ် တလွဲပူပန်စိတ်တို့ဖြင့် အခြားယောက်ျားကိုလက်ထပ်ခဲ့မိခြင်းအား မွန် နောင်တရလို့မဆုံး။

စိတ်တွေတအားကိုလေးလံနေ၏။ မွန့်မှာရင်ဖွင့်စရာရယ်လို့လည်းမယ်မယ်ရရမရှိ။ မွန် မျက်ရည်စများကိုသာအဖော်ပြုနေရသည်။ ကိုယ့်ကိုကိုယ်စိတ်တိုလွန်းလို့လည်း ရူးတောင်ရူးချင်ရပါ၏။

၁၀မိနစ်လောက်မွန် မှန်ထဲကိုစိုက်ကြည့်နေကာ အတွေးကမ္ဘာထဲပတ်ချာလည်နေလေသည်။ အဆုံးတွင် မွန်ဆုံးဖြတ်ချက်တစ်ခုခုကိုချနိုင်လိုက်ပုံပင်။

တစ်ချက်ပြုံးလိုက်၏။ အပြုံးသည်အဓိပ္ပာယ်စုံသည်။ မြတ်ဂုဏ်ရည်မွန်၏အတွေးကိုခန့်မှန်းရခက်နိုင်သည်။

တစ်ချိန်ကချစ်သူ(complete)Where stories live. Discover now