Episode 24(Z+U)

4.9K 407 55
                                    


Sorry for Late ❤️

[Zawgyi]
24

ခြံဝင်းရှေ့ကားရပ်ပြီး၁၀မိနစ်ခန့်ကြာသည့်တိုင် အထွဋ် ကားပေါ်မှမဆင်းနိုင်ပါ။ ကားပေါ်တွင်ထိုင်လျက်ပင်ငူငိုင်နေမိသည်။

အင်ကြင်းလည်းအထွဋ်ကိုဆင်းဖို့မတိုက်တွန်း။ ဘေးမှထိုင်ကာကြည့်နေလေ၏။ အထွဋ်ပါးကနည်းနည်းလေးအယောင်ကျပေမဲ့ နောက်နေ့ကျောင်းသွားလို့ဖြစ်မှာမဟုတ်။

အထွဋ် အဖန်ဖန်အခါခါပြန်ဆန်းစစ်နေမိ၏။ နှင်းပန်းကိုချစ်သော သူမ၏အချစ်သည် မွန့်ကိုမမှီလျှင်တောင် မွန့်ထက်တော့မနိမ့်ကျပါ။ ကလေးဘဝစမြင်တည်းကတွယ်တာခဲ့ရသော အထွဋ်ရဲ့တီတီ ကြင်ကြင်နာနာအကြည့်များဖြင့်အထွဋ်အလိုကိုလိုက်ပေးတတ်သည့်တီတီ။ အချစ်ရေးတွင်တော့ တီတီဟာ အထွဋ်ကိုခါးခါးသီးသီးဆန့်ကျင်နေ၏။

လက်လျှော့ချင်စိတ်တော့မြူမှုန်မျှပင်မရှိပါ။ တီတီနာကျင်ခဲ့သမျှကိုအထွဋ်ရှိသမျှအချစ်တို့ပုံအောချစ်ကာကုစားပေးချင်မိပါသည်။ ကိုယ်တိုင်ခံစားးသးမပြောနှင့်အထွဋ်ဘေးမှကြားရတာတောင်တီတီ့အစားနာကျင်လိုက်တာ။ သို့ပေမဲ့ တီတီဟာသူမကိုနာကျင်မှုတို့ပေးခဲ့သည့် မေမေ့ကိုသာ တောင့်တနေပုံ။

အထွဋ်အချစ်များမစစ်လို့လား။ အထွဋ်ချစ်တယ် တီတီ့ကိုအရာအားလုံးထက်တောင်ပိုချစ်တယ်။ နိုင်ငံခြားမှာနေခဲ့တုန်းကလည်းတီတီ့အကြောင်းတွေလိုက်စုံစမ်းနေခဲ့ပေမဲ့ social media မသုံးတဲ့တီတီ့ကိုဆက်သွယ်မရခဲ့။ ပြန်တွေ့ချိန်တွင် တီတီ့ကိုအရောင်စုံသောအချစ်တို့ဖြင့်ချစ်မိနေပြီဖြစ်ကြောင်းဆန်းစစ်မိသော်လည်းတီတီကအထွဋ်ကိုစည်းတစ်ခုတားထားသည်။

ထိုအတွေးဝင်လာသည်နှင့်မျက်ရည်စတို့မှာအထွဋ်ပါးပြင်ပေါ်စီးကျလာတော့သည်။

"မငိုပါနဲ့တော့ အထွဋ်လေးရယ်"

ကရုဏာသံရောနေသောအင်ကြင်း၏အသံချိုချိုလေးကြောင့် အထွဋ်မျက်ရည်တို့ကို သုတ်လိုက်၏။ နှလုံးသားတွင်ခံစားရသည့်ခံစားချက်ဆိုးဆိုးတို့ကြောင့်မျက်ရည်များကျဆင်းချင်နေပေမဲ့ အင်ကြင်းအသံကြားသည်နှင့်အထွဋ်လက်ချောင်းတို့သည်မျက်ရည်စများကိုအလိုအလျောက်သုတ်မိနေပြီ။

တစ်ချိန်ကချစ်သူ(complete)Where stories live. Discover now