Episode 38(Z+U)

5.5K 380 66
                                    

[Zawgyi]
38

ဖေဖေ့ထံမှကြားလိုက်ရသောစကားကြောင့်အင်ကြင်းတစ်ကိုယ်လုံးပူထူသွားကာ ခေါင်းနားပမ်းပါကြီးသွားရသည်။

အင်ကြင်းကိုတောင်မတိုင်ပင်ဘဲဘာလို့ချည်ပြီးသားတုပ်ပြီးသားလိုပြောရတာလဲ။ ခုတော့ အင်ကြင်းဘာဆက်လုပ်ရမလဲမသိတော့ပါ။

အင်ကြင်းသည်တုန်လှုပ်နေသောမျက်ဝန်းတို့ဖြင့်သာဖခင်ကိုကြည့်နေမိသည်။

"ကျွန်တော်အင်ကြင်း အပေါ်မြတ်မြတ်နိုးနိုးချစ်ပေးမှာပါ"

အင်ကြင်းမျက်ရည်တွေဝဲတက်လာရုံမှအပဘာတစ်ခုမှကိုမတုံ့ပြန်မိ။ ဖခင်ဖြစ်သူသည်အင်ကြင်းကို မျက်မှောင်ကြီးကြုံ့ပြီးပြန်ကြည့်နေသလို မိခင်ကတော့ အင်ကြင်း၏လက်ကိုမသိမသာတို့လေ၏။ သို့ပေမဲ့ အင်ကြင်းပုံစံမှာတုန်လှုပ်နေတာသိပ်သိသာသည်။

မျက်ရည်စတို့ဝေ့တက်လာသည့်အင်ကြင်းကို ကျော်ဇေယျတို့မိသားစုမှာ နားမလည်ပုံနှင့်ကြည့်နေကြလေသည်။

ထို့ကြောင့်အင်ကြင်း၏ဖေဖေကပင်

"ကျွန်တော်တို့စီစဉ်ထားသလိုပဲ ဆက်လုပ်ကြတာပေါ့နော် ဖိတ်စာတွေလည်းရိုက်ပြီးပြီဆိုတော့လေ"

ထပ်မံကြားလိုက်ရသောစကားတွင်တော့ အင်ကြင်းသည် မျက်လုံးလေးပြူးကျယ်သွားပြီး ပါးစပ်အဟောင်းသားပါဖြစ်ရ၏။ အင်ကြင်း တစ်ခုမှမသိရပါလား။

"ခ ခန"

အင်ကြင်း မတ်တပ်လေးထရပ်လိုက်ကာ ငြင်းဖို့ကြိုးစားတော့အင်ကြင်းမေမေဟာ အင်ကြင်း၏လက်ကိုလှမ်းဆွဲကာ မျက်နှာအမူအယာဖြင့်ပြန်ထိုင်ခိုင်းလေသည်။

အင်ကြင်းဘယ်လိုလုပ်ရမလဲ။ အထွဋ်မဟုတ်သောအခြားတစ်စုံတစ်ယောက်ကိုသူမလက်ထပ်ဖို့မဖြစ်နိုင်။ အင်ကြင်းလုံးဝလက်ခံနိုင်မှာမဟုတ်။

"ဒါဆိုကျွန်တော်တို့ကိုခွင့်ပြုပါဦး"

ဖေဖေဟာ စကားစကိုဖြတ်ပြီး ထပြန်လာခဲ့သဖြင့် အင်ကြင်းလည်း မာမားလက်ဆွဲရာနောက်သို့ပါခဲ့ရသည်။

"အင်ကြင်းလည်းဘာမှမသိရပါလား ဖေဖေ"

အိမ်ပြန်ရောက်သည်နှင့် တုန်လှုပ်စွာမေးလာသည့်အင်ကြင်းကြောင့် သူမဖခင်သည် ဆိုဖာပေါ်ခပ်အေးအေးထိုင်လိုက်ကာ

တစ်ချိန်ကချစ်သူ(complete)Where stories live. Discover now