EPISODE (3)

43 11 1
                                    

(Unicode)
လော့ချန်းနန်းဆောင် ထမင်းစားခန်း။

လုဟာ ဘေးချင်းကပ်ထိုင်‌နေရသည့်တိုင် မုန်ရဲ့လက်တစ်ဖက်ကိုမူမလွှတ်စမ်းဆုပ်ကိုင်ထားလေသည်။သူ့ဆီကထွက်ပြေးသွားမှာစိုး၍ ဟူသော အကြောင်းပြချက်ဖြင့်သာ။

ထို့နောက် ထမင်းစားပွဲပေါ်မှစားသောက်ဖွယ်ရာများကိုကြည့်လိုက်သောအခါ ဆန်ပြုတ်တစ်ပန်းကန်သာ။

လုဟာ တစ်ခွက်တည်းသော ဆန်ပြုတ်ပန်းကန်ကိုကြည့်ပြီး ရယ်မိသွားသည်။သူသိသည်။မိစ္ဆာတိုင်းပြည်မှာ လူစားလို့ရတဲ့အစားအစာကိုအဘယ်နည်းနဲ့ရှာလို့ရမည်နည်း။ဒီဆန်ပြုတ်တစ်ပန်းကန်ရဖို့ မိုင်ပေါင်းဘယ်လောက်ဖြတ်သန်းခဲ့ရပြီးခက်ခဲလိမ့်မလဲဆိုတာ သူမှန်းဆလို့ရတာကြောင့်ဖြစ်သည်။

မုန်ဟာ ခေါင်းလေးငုံ့ပြီးမျက်နှာလေးကိုအုပ်လိုက်ရင်း...

....‌အင်း....အခုကစပြီး ဆန်စပါး၊အသီးအနှံတွေစိုက်မှရတော့မယ်...

လုဟာမုန်ရဲ့တုံ့ပြန်စကားကိုအလွန်သဘော ကျသွားပြီးအားပါးတရ ရယ်မိတော့သည်။

....စားကြည့်....
မုန်ဟာ ဇွန်းဖြင့်ခတ်ထားသောဆန်ပြုတ်တစ်လုတ်စာကို တဟူးဟူးမှုတ်လိုက်ရင်းလုကိုခွံ့ပေးရင်းပြောလိုက်တာဖြစ်၏။

လုဟာ မုန်ခွံ့လိုက်တဲ့ ဆန်ပြုတ်ကိုမျိုချလိုက်
ပြီးနောက် တစ်ချက်ပြုံးလိုက်သည်။

'ဘယ်လိုနေလဲ ကောင်းလား'

'အင်း ကောင်းတယ် ဆက်ခွံ့ဦး'

အမှန်တကယ်တော့ အလွန်ပြင်းရှပြီးထူးဆန်းသည့်အရသာ သာဖြစ်သည်။အရသာခံနိုင်စွမ်းမရှိသော လူ့အစားအစာအကြောင်းနည်းနည်းမျှနားမလည်သည့်မိစ္ဆာများ ချက်ပြုတ်ထားသည့် ဆန်ပြုတ်ဟာ အဘယ်သဘော တရားကြောင့်အရသာကောင်းနိုင်လိမ့်မည် နည်း။

သို့သော် မုန်‌ခွံ့ကျွေးနေတာရယ်၊ဒီဆန်ပြုတ်တစ်ခွက်ရလာဖို့ ဘယ်လောက်တောင်အား ထုတ်ခဲ့ရမယ်ဆိုတာကို နားလည်တာကြောင့် တစ်ပန်းကန်လုံးကုန်သည်အထိ လုဟာအရ သာရှိရှိ စားသုံးပေးခဲ့သည်။

'အရှင်မင်းကြီး ညီလာခံချိန်ခါ‌ကျရောက်နေတော်မူကြောင်းပါ'

လုမုန် (Completed)Where stories live. Discover now