EPISODE (14)

31 9 1
                                    

(Unicode)

ကြင်ယာတော်အခန်း။

ပေရှုံးဟာ ကြင်ယာတော်မုန်ရဲ့‌အခေါ်တော်ပါး
လိုက်မှုကြောင့် ကြင်ယာတော်မုန်ရဲ့ အိပ်ခန်း
တံခါး၀ရှေ့သို့ရောက်လာခဲ့လေသည်။

'ကျွန်တော်မျိုး ရောက်ပါပြီ ကြင်ယာတော်မုန်'

'ပေရှုံး ၀င်လာခဲ့လေ'

ပေရှုံးဟာ တံခါးကိုဖွင့်လိုက်သည်နှင့် အပေါ်ပိုင်းအ၀တ်ဗလာနဲ့ ထိုင်နေသော ကြင်ယာတော်မုန်ကိုတွေ့လိုက်သည်နှင့် တံခါးကိုအမြန်ဆွဲပိတ်လိုက်ကာမျက်နှာလွှဲလိုက်လေသည်။

မနေ့ညကသူတွေ့မြင်ခဲ့တဲ့ အရာတွေဟာ အနီရောင်မဟုတ်တော့။မုန်ရဲ့ကိုယ်ပြင်ရော ကျောပြင်မှာပါ အညိုရောင်အမှတ်သင်္ကေတများဟာ ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့ တမင်ခြယ်သထားသလိုပင်ဖြစ်နေလေတော့သည်။

'ကျွန်တော်မျိုးကို ဘာခိုင်းမလို့ပါလဲ'

' ပေရှုံးငါ့ကို ‌ဒီဒဏ်ရာတွေကို ဆေးကူလိမ်းပေးလို့ရမလား'

တစ်နေ့လုံး အမျိုးသမီးရင်ခံအကျပ်းစည်းထားရတာလည်းတစ်ကြောင်း၊ နာကျင်ကိုက်ခဲနေတာလည်းတစ်ကြောင်းနဲ့ လုအားလုပ်ခိုင်းပါလျှင်ဒါတွေက သူ့ကြောင့်ဖြစ်ရတာဆိုပြီး စိတ်မကောင်းဖြစ်သွားနိုင်တာကြောင့် မုန်ဟာ အကူအညီတောင်းဖို့အသင့်တော်ဆုံးဖြစ်သည့်ပေရှုံးကိုသာ ရွေးချယ်ခိုင်းစေလိုက်ခြင်းဖြစ်၏။သူစိတ်ချရမယ်ထင်တာ‌ရယ်၊သူလည်းပဲအမျိုးသားပဲ ဟူသည့်အချက်ကြောင့် ပို၍တောင် သက်တောင့်သက်သာဖြစ်နေလေသည်။

ပေရှုံးတစ်ယောက်ဟာ အမျိုးမျိုးသော အ
ကြောင်းပြချက်တွေကြောင့် သူကိုစေခိုင်းခြင်းဆိုတာကို သူသိ၏။ ဒဏ်ရာကွက်တွေနဲ့ ကြင်ယာတော်မုန်ကိုလည်း မကြည့်ရက်တာကြောင့်လည်းပါမည်။သူလက်ခံလိုက်ကာ မုန်ရဲ့နောက်ကျော၌၀င်ထိုင်လိုက်လေသည်။

'နောက်ကျောကိုပဲ လိမ်းပေးရင်ရပြီ'

ထို့နောက် သူဟာဆေးဘူးကိုဖွင့်လိုက်ကာ သူ့
လက်ထဲထည့်ချေလိုက်ပြီး ကြင်ယာတော်မုန်ရဲ့ အ၀တ်အစားမဲ့နေသော ကျောပြင်ပေါ်မှ အညိုကွက်များအား ညင်သာစွာ ပွတ်လိမ်းပေးနေလိုက်တော့သည်။

လုမုန် (Completed)Where stories live. Discover now