EPISODE(20) (ဇာတ်သိမ်းပိုင်း)

70 9 1
                                    

(Unicode)
စန်းလနန်းတော်၊စန်းလတိုင်းပြည်။

ရှင်ဘုရင်နှစ်ပါးလုံးဟာ သေမင်းချောက်ကမ်း ပါးရောက်နေသည့်အတွက် ၇ပြည် ထောင်စလုံးမှာ ဆေးပညာရပ်မှာထိပ်တန်း
ဖြစ်တဲ့ စန်းလရှိဆေးအမှုထမ်းများအားလုံးဟာ သုတ်သုတ်ပြာပြာဖြစ်နေကြသည်။

သူတို့ဟာ သည်လိုအချိန်မှာ သူလူငါ့လူခွဲခြား
မနေတော့ အနီးဆုံးက စန်းလနန်းတော်ထဲမှာ
သာ ၀င်ရောက် ဆေးကုသဖို့ဆုံးဖြတ်လိုက်ကြတာကြောင့် အရှင်လုပါ စန်းလနန်းတော်အတွင်းသို့ရောက်ရှိနေခြင်းဖြစ်၏။

'အရှင်မင်းကြီးကိုပဲ ကယ်'
ဆေးအမှုထမ်းတွေရဲ့ခေါင်းဆောင်ဟုထင်
ရသည့် ခပ်ငယ်ငယ်ကောင်လေးဟာအမိန့်ပေးနေလေသည်။

'ကျစ်ပြည်ထောင်ရဲ့ဘုရင်ကိုကယ်စရာမလိုဘူး'

ထိုအခါ လင်းရောက်လာပြီး ‌ပြောသည်။

'တိတ်စမ်းရံ....ဒီလူစန်းလကိုလာနေတုန်းက
ဒဏ်ပေးခံနေရတုန်း အရှင်လော့ချန်းကဘယ်
လောက်တောင် ဆောက်တည်ရာမရဖြစ်ခဲ့လဲဆိုတာ မမြင်ခဲ့ဘူးလား'

'မရရအောင်ကုရမယ်'

'သူ့ကိုပါမကယ်ရင် ငါတို့ခေါင်းတွေအကုန်ပြုတ်သွားလိမ့်မယ်'

'မကယ်နိုင်လောက်ဘူး ဆေး၀န်ထမ်းမလောက်ဘူး အရှင်မင်းကြီးကဦးစားပေးပဲ'

'မရဘူး ကယ်ရမယ် အရှင်လော့ချန်း၄လလောက်အိပ်ရာထဲလဲနေရတာ အဲ့ဒါ ဒီလူသား
နဲ့ခွဲလိုက်ရလို့ပဲ'

'မင်းကုတာ မတော်လို့မဟုတ်ဘူး'

'ဘာ!!! အစ်ကိုတော်ဘာလို့ အခုမှအဲ့ဒါကိုပြောတာလဲ'

'အား!!'
ထိုဆေးသမားတော်လေးဟာ စန်းလနိုင်ငံတော်ရဲ့အသက်ငယ်ဆုံးနဲ့ အတော်ဆုံးသော သမားတော်တစ်ပါးဖြစ်လေသည်။အသက်၁၆နှစ်သာရှိသေးတဲ့ရံဟာလော့ချန်းရဲ့စီးတော်လင်း၏ ညီတော်ဖြစ်သည်။၇ပြည်ထောင်ရဲ့နှစ်‌ယောက်မရှိတဲ့ထိပ်တန်းဆေးပညာရှင်တစ်ယောက်ဖြစ်ပြီးလော့ချန်းအိပ်ရာထဲလဲနေစဉ်က သူဘယ်လိုကုကုမရခဲ့ရတဲ့အကြောင်းရင်းကြောင့် မာနထိခိုက်သလို ခံစားခဲ့ရတဲ့သူတစ်ဦးပင်ဖြစ်လေ၏။

လုမုန် (Completed)Where stories live. Discover now