EPISODE (6)

40 10 2
                                    

တစ်ပတ်ခန့်ကြာသော်
ကျစ်ပြည်ထောင်စု။ရွှေနန်းတော်။

'မုန်!!'

လုဟာ အိပ်ရာပေါ်မှလန့်နိုးလာလေသည်။

'အရှင့်သား နိုးလာပါပြီလား'
'အရှင့်သား နိုးလာပါပြီလား'

နန်းတွင်းသူများ၊အ‌စေခံများနဲ့မိန်းမစိုးတို့၏
သံပြိုင်နှုတ်ခွန်းဆက်သသံဟာ သူ့အတွက်အိပ်မက်ဆိုးထက်ပိုလန့်ဖို့ကောင်းနေသည်။

လုဟာ သူ၏အိမ်ဖြစ်သည့်ကျစ်ပြည်ထောင်
စု၏နန်းတော်ထဲသို့ ပြန်ရောက်နေတာဖြစ် သည်။

'ငါကဘယ်လိုဖြစ်ပြီး ဒီကိုပြန်ရောက်နေရတာလဲ'

'အား!!!' '.....အား!!!'

မုန်ဟာ ဒုတိယနည်းလမ်းကိုရွေးချယ်လိုက်ပြီးလုအား စန်းလတိုင်းပြည်မှ မိုင်၅၀၀ကျော်ဝေးတဲ့ လူ့ပြည်လူ့ရွာဖြစ်တဲ့ လုရဲ့ကျစ်ပြည် ထောင်စုသို့တိတ်တဆိတ်ပြန်ပို့ပေးခဲ့တာကြောင့် လုဟာမုန်နဲ့အမှန်တကယ် ရှင်ကွဲကွဲရပြီဖြစ်သည်။

'အရှင့်သား ရရဲ့လား အရှင့်သား'

လုဟာ မုန်ရဲ့စိတ်ကိုအသိဆုံးဖြစ်တာကြောင့်
သူဘယ်လိုဒီပြန်ရောက်လာတာလဲဆိုတာ တပ်အပ်မှန်းဆလို့ရသည်မှာ ဧကန်ပင်။

'.......အား!!!!!!!..........'
သူ့နားကိုလက်နှစ်ဖက်ဖြင့် ပိတ်လိုက်ပြီး အော်ဟစ်ငိုကြွေးလိုက်တဲ့အသံဟာ နန်းတော်ကြီးတစ်ခုလုံးအားတုန်လှုပ်သွားစေခဲ့သည်။
××××

[>>>]

ကျစ်လျှို့ဝှက်မြေအောက် အကျဉ်းထောင်။

ကြိုးချည်တုပ်နှောင်ခံထားရသောလု။

'သစ္စာဖောက်တစ်ယောက်ကို ဘာလို့ပြန်ခေါ်လာသေးလဲ'

'အဲ့ဒါတွေအားလုံးက ခမည်းတော်နဲ့မယ်တော်
ကြောင့်'

'ကျွန်တော့်ကို စွန့်ပစ်ပေးလိုက်လို့မရဘူးလား
ကျေးဇူးပြုပြီးတော့'

'အဖေ ကျွန်တော်မရဘူး ကျွန်တော်မုန်နဲ့ပဲနေချင်တာ သူနဲ့မခွဲချင်ဘူး'

'ငမိုက်သား ဘာလို့အဲ့လောက်တောင်သူနဲ့တူရတာလဲ ဟမ်'

ကျစ်ဘုရင်ပြောသည့်သူဆိုသည်မှာသူ၏ အချစ်ဆုံးသူငယ်ချင်း ချီမင်းသားဖြစ်လေသည်။

လုမုန် (Completed)Where stories live. Discover now