(Unicode)
ဘုရင့်စာကြည့်ဆောင်။
'မုန်'
'ကိုကို...'
မုန်နဲ့လုဟာ တွေ့တွေ့ချင်းတစ်ယောက်ကိုတစ်
ယောက်ကို တင်းကြပ်စွာဖက်ထားလိုက်ကြသည်။'မုန် ကို့ဆီလိုက်လာတယ်လား'
'အင်း ကိုကို့ကို လွမ်းလို့'
ပြီးနောက် လုဟာ မုန့်ရဲ့မျက်နှာလေးကိုကိုင်လိုက်ရင်း မုန်၏ဘယ်ဘက်ပါးပြင်၊ညာဘက်ပါးပြင်၊နဖူး၊နှာခေါင်း၊မေးစေ့ နေရာစုံအောင် တဖွဖွနမ်းရှုံးလိုက်ရင်းပြောသည်။
'အီး...ချစ်လိုက်တာ'
လုတစ်ယောက်ဟာ အမှန်တကယ်ပျော်ရွှင်နေလေသည်။သူဟာ ပြုံးတာမရပ်တော့သလို
ဖက်ထားတဲ့ မုန့်ကို တဖွဖွသာနမ်းနေလေ၏။မုန်ဟာ လုရဲ့မျက်နှာလေးကိုသေချာကြည့်လိုက်တော့ လုဟာအင်မတန်ပိန်သွားတာကို သတိထားမိသွားသည်။ သူ့လိုပဲမစားနိုင်မအိပ်နိုင်ဖြစ်နေခဲ့တယ်ဆိုတာကို မေးစရာတောင်မလို။သူဟာတော့ လုနဲ့ပြန်တွေ့ခဲ့အခါ ပိန်လှီနေတဲ့သူ့ပုံစံကိုမြင်ပြီး စိတ်မကောင်းဖြစ်သွားမှာစိုး၍ ကိုယ်အလေးချိန်ပြန်ထိန်းပြီးမှ လုရှိရာကျစ်ပြည်သို့လာခဲ့လေခြင်းဖြစ်သည်။
'ကိုကိုက ရှင်ဘုရင်၀တ်ရုံတော်နဲ့ သိပ်လိုက်တာပဲ'
'မုန် ဒီကိုအပြီးလာတာလား'
'အင်း'
ထိုအင်းအသံဟာ ပြတ်သားမှုမပါ။သူပစ် ထားခဲ့သည်မှာ တိုင်းပြည်တစ်ခုလုံးပင်မဟုတ်လော။မုန်ဟာ တိုင်းပြည်တာ၀န်တွေကို သော်ကဆီအပ်ထားခဲ့ပြီး အရေးကြုံရင် ပြန်လာရမယ်ဆိုတဲ့ ကတိက၀တ်နဲ့အတူ ကျစ်ပြည်ထောင်စုကချစ်သူလုရှိရာသို့ နောက်ဆံမတင်းတတင်းနဲ့လိုက်လာခြင်းဖြစ်လေသည်။သို့သော် အခုတော့လုကိုမြင်လိုက်ရသည်နှင့် အကုန်လုံးပင်မေ့သွားသည့်သယောင် အင်းဟုသာဖြေမိခဲ့လိုက်သည်။
မုသားဆိုသော်ငြား လုပျော်စေချင်လို့ပြောလိုက်ခြင်းဖြစ်သည်။
'ဒါဆို မုန်နဲ့ထပ်မခွဲရတော့ဘူးပေါ့ ကို ပျော်လို့သေတော့မှာပဲ'
YOU ARE READING
လုမုန် (Completed)
Romanceဟိုးယခင်တုန်းက လူ့ပြည်လူရွာနဲ့ မိစ္ဆာလောကဟာ အတောမသတ်နိုင်တဲ့ စစ်ပွဲတွေဖြစ်ခဲ့ကြတယ်။ စန်းလနိုင်ငံတော်၏ မိစ္ဆာဘုရင်မ စန်းလရဲ့စွမ်းဆောင်ရည်တွေနဲ့အတူ မိစ္ဆာနှိမ်နင်းတဲ့ နိုင်ငံအတော်အများ ကျဆုံးသွားကာ အင်အားကြီးနိုင်ငံတွေဖြစ်ကြတဲ့ ကျစ်၊ချီ၊မော့၊လျန်၊ပါ ဟ...