EPISODE (7)

34 10 4
                                    

(Unicode)
လုဟာတစ်ချက်လေးမှ တုန်လှုပ်မှုမရှိဘဲ မုန့်ရဲ့ကျောပြင်ပေါ်ရှိ ကြိမ်ရာ ဒဏ်ရာများကို  အသေးစိပ် ဂရုတစိုက် ဆေးလိမ်းပေးနေလေသည်။

ထို့အပြင်သူဟာ ရှုပ်ပွပြီးသရုပ်ပျက်နေသည့်
မုန့်ရဲ့ဆံပင်များကိုဖြည်ချလိုက်ကာ သေသပ်ပြီးအရှင်းလင်းဆုံးဖြစ်သွားသည်အထိ ဘီးတံလေးကိုကိုင်ကာ စိတ်ရှည်ရှည်ဖြင့် ညင်ညင်သာသာ ပြန်၍ ဖြီးလိမ်းပေးလိုက်သည်။

ပြီးနောက် နှစ်ယောက်စလုံးဘေးချင်းယှဉ်လှဲချလိုက်ကာ လုဟာ ကြမ်းပေါ်တံတောင်ထောက်ပြီး နားထင်ကိုလက်သီးဆုပ်ဖြင့်တေ့ထားရင်း

'ဟိတ် ပြောစရာစကားမရှိဘူးလား'

'ငါက ‌မိန်းကလေးမဟုတ်ဘူး'

မျက်လွှာလေးကိုချပြီး နှုတ်ခမ်းလေးကို အနည်းငယ်ချွန်လိုက်ကာ ပြောလိုက်တဲ့မုန်ရဲ့အပြုအမူကို လုအင်မတန် အသည်းယားသွားတော့သည်။

'ဒါဆို ကို့မိန်းကလေးလုပ်'

ထိုအခါ မျက်လုံးလေးလှန်ပြီးလုကိုမော့ ကြည့်လိုက်တဲ့ မုန့်မျက်နှာလေးကို လုဟာသေချာအသေးစိတ်လိုက်ကြည့်နေတော့ သည်။

'ဘယ်သူကများ မင်းကိုမလှဘူးပြောရဲတာလဲ'

လုရဲ့စကားကိုကြားမိပြီး ရှက်သွေးဖြာသွားသဖြင့် မုန်ဟာ အကြည့်လွှဲပြီးခေါင်းကိုငုံ့တော့မယ့်အခိုက်မှာ...

လုဟာ မုန့်မေးစေ့လေးကို လက်ဖြင့်ပြန်ပင့်မလိုက်ကာ မုန့်ရဲ့နှုတ်ခမ်းလေးကိုနမ်းလိုက်လေသည်။

'အဖြေပြန်ပေးရဦးမယ်လေ လုပ်မှာလားလို့'

မုန်ဟာ ယောက်ျားသားတစ်ချို့နဲ့အတူညတာတွေကုန်ဆုံးဖူးပေမယ့် ပထမဆုံးအကြိမ်အဖြစ်သူ့အားဒီလိုနူးနူးညံ့ညံ့ဆက်ဆံပေးရင်း ယခုလို အတိုင်းအဆမဲ့ရင်ခုန်အောင် ဖန်တီးနိုင်သည့်သူဟာ

'လု'ဟုအမည်ရတဲ့ ထိုအမျိူသားငယ်လေးတစ်ဦးတစ်ယောက်တည်းသာ။

မုန်ဟာသူ့ရဲ့ကျယ်လောင်လွန်းနေတဲ့ နှလုံးခုန်သံတွေကို ‌သူ့ဘေးတွင်လှဲနေသည့် လုကြားမိသွားမလားတောင် စိုးရိမ်ပူပန်ရင်း ချွေးတွေပါအနည်းငယ်စို့တက်လာသည်။ဒီလိုအခြေ အနေမျိုးမှာ သူ့ဆီက ဘာစကားလုံးမှထွက်မလာနိုင်တော့။

လုမုန် (Completed)Where stories live. Discover now