(Unicode)
ကျစ်ပြည်ထောင်စု၊ရွှေနန်းတော်။
ညီလာခံခန်းမ။
လုဘုရင်ဟာ ပလ္လင်ပေါ်တွင်မြန်းနေလျက်
သူ၏ရှေ့မှောက်တွင် ဒူးထောက်ကြိုးတုပ်လျက်ရှိနေသည့် အယောက်၂၀ခန့်ရှိသည့် ကျစ်ပြည်သူပြည်သားများနဲ့အတူ သူတို့ခေါင်းဖြတ်ဖို့အရံသင့်ဓားနဲ့ရွယ်ထားသော စီရင်သူအမှုထမ်းများ။ငိုတဲ့သူမှာငိုပြီး ဒေါသစိတ်ဖုံးနေတဲ့သူတွေကလည်းတစ်ချို့တစ်၀က်။ထို့နောက် လုဟာ ပလ္လင်ပေါ်မှထလိုက်ပြီး
သတ်ရန်အမိန့်ပေးဖို့အတွက်လက်ကိုမြှောက်လိုက်ချိန်~အလင်းရဲ့အလျင်နဲ့အတူ တဝီဝီအသံညံလျက်ခန်းမထဲသို့၀င်ရောက်လာသော ဓားပျံတစ်ချောင်းဟာ သူ့အင်္ကျီလက်ဖျားစကိုဖြတ်ပြီးနံရံပေါ်မှာ စိုက်နစ်သွားသည်။
လူများအားလုံးထိတ်လန့်သွားကြပြီ။
ဓားကိုကြည့်လိုက်တဲ့အခါ ဓားပိုင်ရှင်ဘယ်သူလဲသိသည့်လုဟာ ခန်းမထဲမှလူအားလုံးကို ချက် ချင်းနှင်ထုတ်ပစ်လိုက်သည်။
ခန်းမထဲတွင်တစ်ယောက်တည်းကျန်ခဲ့တဲ့ လုဆီသို့ အမှောင်ထုထဲကနေ တဖြည်းဖြည်းထွက်လာတဲ့ မုန်ရဲ့ ခြေလှမ်းတွေပို၍မြန်လာလေသည်။
'မုန်....'
'ဖြန်း!!!'
မုန်ဟာ လုစကားမဆုံးခင်မှာတင် လုရဲ့ပါးပြင်ကို ခပ်နာနာရိုက်ချလိုက်သည်။'ကိုယ့်ပြည်သူကို ပြန်သတ်ရလောက်တဲ့အထိ
ကိုကို ဆိုးသွမ်းနေရလား ဟမ်'လုဟာမုန့်ကိုမြန်ဆန်စွာ ဆွဲဖက်လိုက်ပြီး
နမ်းရန်ပြင်လိုက်ပေမယ့် မုန်ဟာမျက်နှာကိုဘေးသို့ဆတ်ခနဲလှည့်လိုက်သည်။ မျက်နှာကြောဟာလည်း အလွန်ခက်ထန်ပြီး တင်းမာနေလေသည်။လုဟာ မုန့်အားအားအကုန်သုံးကား တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်ပြီး မျက်ရည်များပါကျလာသည်။
'ဆိုးမှာပဲ ကိုဒီမှာမနေချင်ဘူး ကျစ်ဘုရင်လည်းမလုပ်ချင်ဘူး ကိုမုန်နဲ့နေချင်တာပဲသိတယ်'
လုရဲ့မုန့်အား ပိုက်ထားတဲ့လက်များဟာ ပိုပို
တင်းကြပ်လာလေသည်။
YOU ARE READING
လုမုန် (Completed)
Romanceဟိုးယခင်တုန်းက လူ့ပြည်လူရွာနဲ့ မိစ္ဆာလောကဟာ အတောမသတ်နိုင်တဲ့ စစ်ပွဲတွေဖြစ်ခဲ့ကြတယ်။ စန်းလနိုင်ငံတော်၏ မိစ္ဆာဘုရင်မ စန်းလရဲ့စွမ်းဆောင်ရည်တွေနဲ့အတူ မိစ္ဆာနှိမ်နင်းတဲ့ နိုင်ငံအတော်အများ ကျဆုံးသွားကာ အင်အားကြီးနိုင်ငံတွေဖြစ်ကြတဲ့ ကျစ်၊ချီ၊မော့၊လျန်၊ပါ ဟ...