Special EPISODE

46 7 3
                                    

(Unicode)
Special episode

Warning ⚠️
(Adult senceအနည်းငယ်ပါ၀င်မည်ဖြစ်သည့်အတွက် အသက်ပြည့်မှသာဖတ်ရှုရန်)

ကျစ်နန်းတော်၊ဘုရင်လုနန်းတတ်ပွဲနေ့။

'ဝုန်း!!'

ရှင်ဘုရင်လုရဲ့လက်ဖြင့် ဆွဲကိုင်လွှင့်ပစ်တာခံလိုက်ရသော ရှင်ဘုရင်သရဖူဦးဆောင်းဟာ ဆယ်မီတာလောက် အဝေးထိအောင်လွှင့်သွားတဲ့အချိန်မှာ ထိုသရဖူဆီသို့ သူကိုင်ဆွဲထားတဲ့ လေးနဲ့မြှားသုံးစင်းကို တပြိုင်နက် ကိုင်ဆွဲလွှတ်လိုက်ရင်း မြှားသုံးစင်းနဲ့အပြိုင် လှံတံကိုလည်း ပစ်တင်လိုက်လေသည်။

လေထဲလွင့်စင်လာတဲ့ ရှင်ဘုရင်သရဖူဟာ
မြေပြင်ပေါ်သို့ စိုက်အကျမှာပင် လုရဲ့မြှားသုံးစင်းနဲ့ လှံတံဟာ ထိုသရဖူအပေါ်ကို တပြိုင် နက်ထိုးစိုက်သွားပြီး တစ်ခုလုံးကို ကြေမွသွား‌
အောင် တစ်စစီဖျက်ဆီးလိုက်၏။

ပြီးနောက် လုဟာ မော့ပြည့်ရှင်အား စေ့စေ့
ကြည့်ရင်း smirkတစ်ချက်ဖြင့်ပြုံးလိုက်သည်။

'ကျေနပ်တယ်မလား မယ်တော်'

မော့ပြည့်ရှင်ဟာ သက်ပြင်းတစ်ချက်ချကာ
ကျစ်ပြည်ထောင်ရဲ့ အရှက်သိက္ခာကို နန်း တက်သည့်ပထမဆုံးနေ့မှာတင် ခွဲပြလိုက်သည့် သားတော်လုအား မဆန့်ကျင်နိုင်ခဲ့။

'ဘုရင်တော့လုပ်မယ် ရှင်ဘုရင်သရဖူကိုမဆောင်းနိုင်ဘူး' ဆိုတဲ့ လုနဲ့အပေးအယူလုပ်ခဲ့ရသည့်အတွက်ပင်ဖြစ်၏။ သားတော်လုကဲ့သို့ကျစ်ပြည်ထောင်စုရဲ့ ရှင်ဘုရင်အရည် အချင်းမရှိနိုင်ဘူးဆိုတာဟာ လေးနဲ့လှံတံကို ယခုကဲ့သို့တပြိုင်နက် ကျွမ်းကျင်စွာ အသုံး ပြုနိုင်တဲ့ လုရဲ့လုပ်ရပ်ဟာ သက်သေပင်။

ဤသို့ဖြင့်လုဟာ ၇ပြည်ထောင်မှာ တစ်ဦးတည်းသော သရဖူမဲ့ရှင်ဘုရင်အဖြစ် အမည်တွင်ခဲ့လေ၏။

×××××

ရှန်စမ်းချောင်း။
မုန်ဟာ အ၀တ်များကို တုတ်နဲ့ထုရိုက်ပြီး
ဗြန်းခနဲ ရေများကို ခါချနေလေသည်။သူဟာ
ယခင်က လူတစ်ယောက်ကို ရိုးရှင်းစွာနဲ့အမှုန့်
ချေပစ်နိုင်ပေမယ့် သဘာ၀အတိုင်းလေးသာ
လုနဲ့လုချန်း အ၀တ်များအား လျှော်ဖွတ်ပေးနေလေသည်။

လုမုန် (Completed)Where stories live. Discover now