EPISODE (12)

26 9 1
                                    

(Unicode)

ထို့နေည။ဘုရင့်နန်းဆောင်။

ပေရှုံးဟာ မော့ပြည့်ရှင်၏အမိန့်တော်ကြောင့်
ကြောင့် မော့နန်းတော်သို့ရောက်ရှိနေသဖြင့်
ဘုရင့်နန်းဆောင်တွင် အစောင့်ဟူ၍မည်သူမျှမရှိ။ ကျစ်ဘုရင်လုဟာ စိတ်ရှုပ်မခံနိုင်သူဖြစ်တာကြောင့် ပေးရှုံးမှလွဲ၍ မည်သူ့ကိုမှသူ့နန်းဆောင်ထဲသို့ အလွယ်တကူ၀င်ခွင့်မပေးထားသည့်အအတွက် ယနေ့နန်းဆောင်မှာ ဘုရင်လုဟာ မုန့်အားသူ့နန်းဆောင်အိပ်ခန်းထဲသို့ ခေါ်ထားလိုက်သည်။

ကြမ်းပေါ်တွင်ဘေးချင်းယှဉ်လဲလျောင်းနေသော လုနဲ့မုန်။

'ကိုကို ငါခုနက သေပြီမှတ်တာ'

'ဘ၀မှာအဲ့လောက်များတဲ့ အ၀တ်ဗလာနဲ့  မိန်းကလေးတွေ မတ်တပ်ရပ်နေတဲ့ကြားထဲမှာ ရပ်နေရလိမ့်မယ်လို့ စိတ်တောင်မကူးဖူးဘူး'

'...ဟား...ဟား...'

'မုန်မြင်ပြီး ဘယ်လိုနေလဲ'

'ဒီလိုပဲပေါ့'

မုန်ဟာ ပြုံးစိပြုံးစိနဲ့ မျက်စကိုလှန်လိုက်ကာ
လုအား ကျီစယ်လိုက်နေလေသည်။

'ဘာဒီလိုပဲလဲ ဘာဒီလိုပဲလဲ'

လုဟာ မုန့်ရဲ့ခါးကို ကလိထိုးလိုက်ကာ ‌မပြတ်
မေးနေတော့သည်။

မုန်ဟာ တွန့်တွန်းလူးကာ အော်ရယ်ရင်း

....ဟား...‌ကြောက်ပါပြီ...
.ကိုကို...မလုပ်ပါနဲ့တော့...ဟားဟား

ခဏအကြာမှာတော့ လုဟာ မုန့်ရင်ခွင်ထဲ၌မျက်နှာလေးအပ်ထားလိုက်ကာ မုန်ဟာတော့ လု့ဆံပင်တွေကို ထိုးဖွနေလေသည်။

'မုန့် အသွင်အမှန်ကို ကိုယ့်ကိုမပြဖူးသေးဘူး
နော်'

'ကိုကိုမြင်ဖူးချင်လို့လား'

'အင်း'

'‌မြင်ပြီး မကြောက်သွားရဘူးနော်'

'အင်း မကြောက်ဘူး'

မုန်ဟာ မတ်တပ်ရပ်လိုက်ပြီး သူ့၀တ်ရုံစကို စောင့်ခနဲတစ်ချက်ခါချလိုက်သည်။

ထို၀တ်ရုံစလေးပြုတ်ကျသွားသည်နှင့် အသွင်ပေါ်လာသည့် အဖြူစွတ်စွတ်နဂါးတစ်ကောင်၊လုံးပတ်ဟာ မုန့်ရဲ့ကိုယ်ထည်လောက်ရှိပြီး အရှည်မှာ လု့သုံးလေးရပ်လောက် ရှိသည့် ‌အဖြူရောင်နဂါးမင်း၊ ကြေးခွံများဟာလည်းစင်းလုံးချောပြီး ပုလဲခရမ်းရောင်လေးတွေဟာ တဖြတ်ဖြတ်လက်နေသေးသည်။

လုမုန် (Completed)Where stories live. Discover now