EPISODE (5)

38 10 2
                                    

(Unicode)
ညီလာခံခန်းမ။စန်းလနန်းတော်။

ယနေ့လည်း ရှင်ဘုရင်မကြွမြန်းလာလျှင်ဖြင့် ဘုရင်မင်းမြတ် ညီလာခံမတက်တာ ၃ရက်မြောက်ရှိပြီဖြစ်မည်။

ယခင်ကလိုမဟုတ်ဘဲ ညီလာခံအတွင်း၌ အင်မတန်ညံနေလေသည်။စကားသံများ ငြင်းခုံမှုများအရေးကိစ္စအကြောင်းကြောင်းတို့ကြောင့် အမှုထမ်းများအားလုံးရဲ့ ဆွေးနွေးသံတွေဟာ အုံ့ကြွဆူညံနေလေသည်။

ထို့နောက် ရှင်ဘုရင်ကြွမြန်းလာသည်ကိုမြင်လိုက်ရသည်နှင့် အကုန်လုံးတိတ်ဆိတ်ငြိမ်သက်သွားလေတော့သည်။

လော့ချန်းဟာ ရှင်ဘုရင်၀တ်ရုံကို ဆွဲခါလိုက်ရင်း ပလ္လင်ရှေ့မှာမတ်တပ်ရပ်နေလေသည်။

ပလ္လင်ပေါ်တွင်စံစားခြင်းမရှိသည့် ဘုရင်မင်းမြတ်‌၏လုပ်ရပ်‌ကြောင့် မှူးမတ်များဟာခေတ္တတွေဝေသွားပေမယ့် ဆက်ပြောကြသည်။

'အရှင်မင်းကြီး လွန်ခဲ့တဲ့သုံးရက်က အမည်မသိ ၀တ်ရုံဖြူနဲ့မျက်နှာဖုံးတပ်အမျိုးသားတစ်ယောက်က ပုန်ကန်သူလူသားကိုကယ်တင်သွားသည့်ဖြစ်စဉ်ကိုကြားသိပြီးပါ‌ပြီလော'

'အဲ့ဒီတော့'

'အဲ့အမျိုးသားကိုင်ဆောင်လာတဲ့ဓားကလည်း ရှင်ဘုရင်မင်းမြတ်တစ်ဦးတည်းသာပိုင်ဆိုင်တဲ့နဂါးနိုင်ဓားရှည်ဆိုတာရော သိပြီးပါလော'

လော့ချန်းဟာဘယ်ဘက်နှုတ်ခမ်းတစ်ဖက်တည်းကို ပြုံးလိုက်ကာ ရှင်ဘုရင်၀တ်ရုံတော်ကိုချွတ်ချလိုက်လေသည်။

ထိုအခါ အမှုထမ်းများအားလုံးဟာ ခေါင်းငုံ့သွားကြတော့သည်။

'ငါကိုယ်တော်ရဲ့လုပ်ရပ်ကြောင့် မောင်မင်းတို့ကိုဒုက္ခများစေခဲ့ပြီ ကတိဟာကတိဖြစ်တာကြောင့်ငါကိုယ်တော် ထီးနန်းကိုစွန့်ခွာပေးမယ်လတ်တလောတော့ ဆက်ခံသူမရှိသေးတဲ့အချိန်ထိ နန်းချထားပြီး မောင်မင်းတို့စိတ်သဘောကျခန့်အပ်ချင်တဲ့သူကိုရွေးချယ်ပြီးတဲ့အခါ ငါကိုယ်တော်ကိုယ်တိုင် ထီးနန်းအရိုက်အရာကို ချီးမြှင့်ပေးမယ်'

လော့ချန်းဟာ မိမိအပိုင်နဂါးနိုင်ဓားရှည်ကိုပါ
ပစ်ချပေးလိုက်လေသည်။

လုမုန် (Completed)Where stories live. Discover now