EPISODE (9)

41 10 1
                                    

(Unicode)
သည်လိုဖြင့် မုန်ဟာ လုနဲ့အတူကျစ်မြို့ကိုပြန်လိုက်သွားတော့သည်။

လုဟာလည်း မုန်တောင်းသည်ဖြစ်စေ၊မလိုအပ်သည်ဖြစ်စေ သူ့ရဲ့အသွေးအသားများကို အသာတကြည်ဖောက်ထုတ်ပေးရင်း မုန့်အနားမှာနေရဖို့အတွက် ကြိုးစားရှာသည်။ ငြီးငြူချင်းတစ်စက်မရှိ။အကယ်၍ညည်းညူမိပါလျှင် မုန်သူ့အားထားခဲ့မှာကို ပိုကြောက်ရွံ၍ကြောင့်ဖြစ်၏။သို့သော် မုန်ဟာအမြဲသူတစ်ယောက်တည်းသာကြိတ်မှိတ်သည်းခံနေလေ့သည်။ဒါကိုသိသောလုကသာ မုန့်အားလှည့်စားပြီး ဘယ်လိုအစွမ်းရှိတဲ့ ဘယ်လို တိရစ္ဆာန်ဆီက သွေးဆိုပြီးသာ ညာကျွေးလေ့ရှိသည်။

ဤသို့ဖြင့် လုနဲ့မုန်တို့နှစ်ယောက်ရဲ့ သမီး ရည်းစားဘ၀ဟာ ရင်ဖိုသဖွယ် ကြည်နူးဖွယ်နဲ့ သုံးလေးလလောက် ကုန်ဆုံးသွားခဲ့လေ၏။

တစ်နေ့သောအခါ မုန်ဟာ သွေးဆာလောင်မှုကိုအကန့်အသတ်နဲ့ထိန်းချုပ်နိုင်သည့် အပင်တစ်ခုရှိကြောင်း သတင်းရသည်နှင့် သူဟာ ထိုအပင်ရှိရာ တောနက်ကြီးတစ်ခုထဲသို့ လုအားအသိမပေးဘဲ တစ်ယောက်တည်း လျှို့ဝှက်စွာ လိုက်ရှာနေမိသည်။

ထိုအကြောင်းကိုသိသွားသော လုဟာ မုန့်အားစိတ်မချဖြစ်ကာ မုန်ရှိတဲ့ထိုတောနက်ကြီးဆီသို့ လိုက်သွားခဲ့သည်။

သို့သော် ရန်သူများသော စန်းလအရှင်လော့ချန်းဟာ လှည့်စားခံလိုက်ရခြင်းဖြစ်လေသည်။

ထိုတောအုပ်ဟာ သွေးမိစ္ဆာတွေကို သွေးကိုပို၍ဆာလောင်စေသည့်ရနံ့များ ထုတ်လွှင့်ပေးတဲ့ ပန်းမိစ္ဆာအပင်များပေါက်ရောက်ရာ တောအုပ်ကြီး တစ်ခုသာဖြစ်လေတော့သည်။

မုန်ဟာ ဘေးပတ်လည်က လွှင့်ထုတ်လိုက်တဲ့ထိုအပင်မိစ္ဆာ‌ရနံ့တွေကို ရှုရှိုက်မိလိုက်သည်နှင့် သွေးများဆူပွက်လာကာ မျက်လုံးများပါ အနီရောင်ပြောင်းလဲသွားလေတော့သည်။သူဟာခေါင်းများပါကိုက်တက်လာတာ မူးဝေလာတော့သည်။ အသားအတွင်းထဲမှလည်း သွေးများဆာလောင်မှုကြောင့် ‌သွေးများပွက်နေဟန်တူသည်။ အရေပြားပေါ်သို့ ပွက်ပွက်ဆူပွက်နေသည့် ဖောင်းလိုက် ပိန်လိုက် ဖြစ်နေကာ တရွရွဖြစ်နေသည်မှာ သူ့ကိုယ်ကို ဖောက်ထွက်သွား
တော့မည့်သယောင်။

လုမုန် (Completed)Where stories live. Discover now