EPISODE (19)*

43 8 1
                                    

(Unicode)
Warning ⚠️
(Adult senceအနည်းငယ်ပါ၀င်မည်ဖြစ်သည့်အတွက် အသက်ပြည့်မှသာဖတ်ရှုရန်)

လျန်ပြည်။လျန်နန်းတော်။

လျန်ပြည်ဟာ ၇ပြည်ထောင်ထဲမှာ လက်နက်
တိုင်းပြည်ဆိုသော ဂုဏ်ပုဒ်နဲ့အညီ လျန်ပြည်
နယ်မှ ထုတ်လုပ်လိုက်တဲ့ လက်နက်များဟာ အင်မတန်အစွမ်းထက်လှလေသည်။အထူးသဖြင့် လွန်လေပြီးသော အိမ်ရှေ့စံမင်းသမီးလျန်အား သင်္ဂြိုလ်ပြီးကျန်နေခဲ့သည့် သူမ၏အရိုးပြာ‌တွေဟာ ယနေ့အထိ အံ့ဩစရာကောင်းလောက်အောင်အစွမ်း ထက်နေတုန်းမို့ပင်ဖြစ်သည်။ထို့ကြောင့် လျန်ပြည်မှာ လျန်အိမ်ရှေ့စံမင်းသမီးရဲ့အရိုးပြာ အိုးကို နိုင်ငံ့ရတနာတစ်ခုအနေနဲ့သိုလှောင်ထားပြီး လက်နက်တစ်ခုပြုလုပ်ထွင်းထု
မည်ဆိုပါက ထိုပြာအိုးထဲမှ ပြာလေးတစ်မှုန်ကိုယူပြီး သွန်းလောင်းလိုက်ပါလျှင် အင်မ တန်အစွမ်းထက်လှသည့် မိစ္ဆာသတ်သည့်လက်နက်များဖြစ်သွားလေသည်။

ယခုတော့ဖြင့် သေရေးရှင်ရေးအခြေအနေမှာမှထိုအရိုးပြာအိုးဟာ မှောက်နေပြီး အထဲမှပြာမှုန်များအားလုံးဟာ ရေထဲပျော်၀င်နေလေတော့ သည်။

'ကျွန်တော့ကို ကြင်ယာတော်မုန်ပေးခဲ့တဲ့ အနမ်းအတွက်ပြန်လည်ပေးဆပ်တာပါ'

ပြောရင်းပင်ပေရှုံးဟာ ကိုယ်ပေါ်မှာကပ်နေတဲ့
ပြာမှုန်တစ်ချို့ကို ခါချနေလေသည်။တရားခံမှာသူပင်။

လျန်ညီလာခံခန်းမ။

'ဘာ!!!'

လျန်ဘုရင်မလျန်ရင်း(မိဖုရားချိုး၏ မယ်တော်)ဟာ အင်မတန်အမျက်ထွက်‌နေပြီဖြစ်သည်။သူမ ပလ္လင်ပေါ်မှာစံစားနေသည်ဟာ အလွန်ပင်ကျက်သရေရှိလှသည်။

ပလ္လင်အောက်မှာတော့ အမှုထမ်းများနဲ့အတူ
မိဖုရားချိုးနဲ့အတူ ပေရှုံးပါအခစား၀င်နေရချိန်ဖြစ်လေသည်။

'လျန်ပြည်ရဲ့ နိုင်ငံ့ရတနာဖြစ်တဲ့ အစ်မတော်လျန်ရဲ့အရိုးပြာကို ရာရာစစ ဘယ်သူက'

ထိုအချိန်တွင် ရိုးသားဖြောင့်မတ်ခြင်းကိုလက်ကိုင်စွဲတဲ့ ပေရှုံးဟာ သူ့အပြစ်ကိုသူ၀န်ခံဖို့ ခြေတစ်လှမ်းတိုးလိုက်တဲ့အချိန်မှာ

လုမုန် (Completed)Where stories live. Discover now