(Unicode)
စန်းလနန်းတော်။ညီလာခံခန်းမ။ပလ္လင်ပေါ်တွင် စံမြန်းသော လော့ချန်းအရှင်။
'မော့စစ်သည် ၅၀၀၀၀ကို ပြန်ပို့ပေးလိုက်'
ထိုအခါ လက်ဝဲအမတ်ကြီးမှဆိုသည်။
'အစီအစဉ်တစ်ခုခုများ ရှိလို့ပါလား အရှင်မင်းကြီး'လော့ချန်းဟာ သက်ပြင်းတစ်ချက်ချလိုက်သည်။
'အဲ့ဒီစစ်သည် ၅၀၀၀ မော့ကိုပြန်ရောက်တာနဲ့
စန်းလက ကျစ်၊မော့၊လျန် သုံးပြည်ထောင်နဲ့
စစ်ပွဲ ဆင်နွှဲရလိမ့်မယ်'ကျစ်၊မော့ဆိုတာနဲ့ ပေရှုံးဟာ အနည်းငယ်
တုန်လှုပ်သွားလေသည်။'အရှင်မင်းကြီး ကျစ်ပြည်ထောင်က ဘယ်လို
ဖြစ်ပြီးပါလာရတာလဲ ကျွန်တော်မျိုးတို့ အစီအစဉ်မှာ ကျစ်ပြည်ထောင်မပါဘူးလေ'မူးမတ်တွေဟာ ကျင့်၀တ်တွေကိုပါမသိတော့
ဘဲ သာမန်စကားပြောနည်းဖြင့်သူ့ကိုပြောဆို
နေကြသည်။လော့ချန်းဟာ နဖူးကို လက်ဖြင့်ကိုင်လိုက်ရင်းခေါင်းကိုငုံ့လိုက်ကာ
'အင်းအခုတော့ အဲ့လိုဖြစ်သွားတယ်'
'အရှင်မင်းကြီး အခုတောင်စစ်သည်တွေက တော်တော်ပန်းနေကြပြီ လိုဆိုရင် ကျွန်တော်မျိုးတို့စန်းလ အနိုင်ရလိမ့်မယ်မထင်ဘူး'
ထိုအခါ လော့ချန်းဟာ ရိသဲ့သဲ့အသံနဲ့အတူ
မျက်နှာကို လက်ဖြင့်ပွတ်လိုက်ရင်းဆို၏။'ဟုတ်တယ် ငါတို့ရှုံးမှာ'
သည်စကားဟာ လော့ချန်းဘုရင်ပါးစပ်က
ထွက်လာတယ်ဆိုတာ သူတို့အားလုံးမယုံ ကြည်နိုင်ပေ။အမြဲတမ်း အောင်ပွဲပဲဆင်နွှဲခဲ့တဲ့ သူတို့ရဲ့ ကိုးကွယ်ရာ အရှင်သခင်ဟာ အခုတော့ဖြင့်အားအင်မရှိတဲ့ ပုံစံနဲ့ သည်လိုစကားမျိုးကိုပြောနေတယ်ဆိုတာ လက်မခံနိုင်ကြ။'ဒါကြောင့်မို့ ဒီစစ်ပွဲမှာ ပါချင်တဲ့သူသာပါ၀င်ပြီးမလိုက်ပါဘဲ ဒီမှာပဲ ကျန်နေခဲ့ခွင့်လည်းရှိတယ်'
'ငါကိုယ်တော်ကိုယ်တိုင် တကယ်လို့စန်းလအရေးနိမ့်တဲ့အခါ ပြည်သားတွေကိုတာ၀န်ယူပေးဖို့ မော့ပြည့်ရှင်နဲ့ကျစ်ဘုရင်ကိုတောင်းဆိုခဲ့ပြီးပြီ'
YOU ARE READING
လုမုန် (Completed)
Romanceဟိုးယခင်တုန်းက လူ့ပြည်လူရွာနဲ့ မိစ္ဆာလောကဟာ အတောမသတ်နိုင်တဲ့ စစ်ပွဲတွေဖြစ်ခဲ့ကြတယ်။ စန်းလနိုင်ငံတော်၏ မိစ္ဆာဘုရင်မ စန်းလရဲ့စွမ်းဆောင်ရည်တွေနဲ့အတူ မိစ္ဆာနှိမ်နင်းတဲ့ နိုင်ငံအတော်အများ ကျဆုံးသွားကာ အင်အားကြီးနိုင်ငံတွေဖြစ်ကြတဲ့ ကျစ်၊ချီ၊မော့၊လျန်၊ပါ ဟ...