(Unicode)
လုနဲ့မုန်ဟာ နှစ်ယောက်အတူစိုက်ခင်းထဲ၌ ပျိုးစေ့တွေကြဲနေရင်း လုဟာစကားစလိုက်သည်။'မုန် တစ်ခုခုမေ့နေတယ်မထင်ဘူးလား'
'ဟင်'
မုန်ဟာခဏတာခေါင်းလေးကုတ်ရင်း တွေး တောကြည့်နေလေသည်။ထိုအခါ လုဟာသူ့ရဲ့နှုတ်ခမ်းလေးကို လက်ညှိုးဖြင့်ထိုးကာ
ညွှန်ပြလိုက်တဲ့အခါ မုန်ဟာပြုံးမိသွားသည်။သူမေ့လျော့နေခဲ့သော နံနက်ခင်းအနမ်းတစ်ခုကြောင့် သူဟာအပြစ်သားတစ်ယောက်သ ဖွယ်ခံစားလိုက်ရပြီး သူ့အင်္ကျီလက်စကိုခါလိုက်ကာ လုရဲ့နဖူးပြင်လေးရှိဖုန်မှုန့်များကို အင်္ကျီစလေးဖြင့်သာသာလေးသုတ်လိုက်ပြီး နမ်းလိုက်သည်။
ထိုအခါလုရဲ့နှုတ်ဖျားဟာ တစ်စုံတစ်ခုကိုပြောတော့မည့်ဟန်ဖြင့်ဟလာသည်။
'မုန်...
ကိုယ်တို့ကလေးယူကြရအောင်'လုရဲ့စကားကိုကြားပြီး မုန်ဟာတစ်ကိုယ်လုံးပူထူသွားပြီး ပါးမို့မို့နှစ်ဖက်ဟာ ပန်းနုရောင်သမ်းသွားလေသည်။
'ဘာတွေလျှောက်ပြောနေတာလဲ မဖြစ်နိုင်တဲ့ဟာကို'
လုရဲ့စကားဟာ အင်မတန်ယုတ္တိမဆန်သည့်စကားမှန်း ကာယကံရှင်လည်းသိ၏။နှစ်ယောက်စလုံးဟာ အမျိုးသားများဖြစ်နေတယ်ဆိုတာ ဘယ်သူမှထောက်ပြစရာမလိုသည့်အမှန်တရားဖြစ်လေသည်။သာမက ဖြစ်နိုင်တယ်ဆိုလိမ့်မည်ဆိုရင်တောင် တစ်ယောက်ဟာ မိစ္ဆာ၊တစ်ယောက်ကလူသား။ဒီအဆင့်ကိုလည်းကျော်ဖြတ်နိုင်လိမ့်မည်ဆိုလည်း မလွယ်ကူလှသေးချေ။တစ်ယောက်က မိစ္ဆာလောကရဲ့ရှင်ဘုရင်ဖြစ်နေသည့်အချိန်မှာ ကျန်တစ်ယောက်က မိစ္ဆာနိုင်ငံရဲ့ရန်သူ့ပြည်တော်၏ အိမ်ရှေ့စံလေ။
မုန်ရဲ့စကားဟာ အတိအကျမှန်လေသည်။လူနတ်ဗြဟ္မာ သုံးလောကပေါင်းပြီး ဖြေရှင်းပေးမယ်ဆိုရင်တောင် လုရဲ့ထိုဆန္ဒကိုမည်သူကမှ ဖြည့်ဆည်းပေးနိုင်လိမ့်မည်မဟုတ်ပေ။မုန်ဟာထိုင်နေတဲ့လုရဲ့ပေါင်ပေါ်တွင်ခေါင်း အုံးကာ မြေကြီးပေါ်တွင်ပင်လဲလျောင်းထား
သည်။'ဟုတ်တယ် ကိုကိုသိတယ် မဖြစ်နိုင်မှန်းသိလို့
မုန့်ကိုဒီအတိုင်းလေးစိတ်ကူးယဉ်ကြည့်ခိုင်းတာ'
YOU ARE READING
လုမုန် (Completed)
Romanceဟိုးယခင်တုန်းက လူ့ပြည်လူရွာနဲ့ မိစ္ဆာလောကဟာ အတောမသတ်နိုင်တဲ့ စစ်ပွဲတွေဖြစ်ခဲ့ကြတယ်။ စန်းလနိုင်ငံတော်၏ မိစ္ဆာဘုရင်မ စန်းလရဲ့စွမ်းဆောင်ရည်တွေနဲ့အတူ မိစ္ဆာနှိမ်နင်းတဲ့ နိုင်ငံအတော်အများ ကျဆုံးသွားကာ အင်အားကြီးနိုင်ငံတွေဖြစ်ကြတဲ့ ကျစ်၊ချီ၊မော့၊လျန်၊ပါ ဟ...