(Unicode)
Warning ⚠️
*ဤအပိုင်းတွင် Adult senceအနည်းငယ်ပါ
၀င်သည့်အတွက် အသက်ပြည့်ပြီးမှသာဖတ်ရှုရန်*မေ့မြောနေသော လုအား ကျောပိုးလိုက်ရင်း
အနီးနားရှိ ကောက်ရိုးသိုလှောင်ခန်းလေးတစ်ခုအတွင်းသို့၀င်လိုက်သည်။ကောက်ရိုးပုံလေးအား မှီစေလျက် လုရဲ့ခြေထောက်များကိုဆင်းထားလိုက်သည်။
ပြီးနောက် လုရဲ့ဖိနပ်ကိုချွတ်လိုက်ကာ အ၀တ်စကိုခြေဆစ်မှ ခြေသလုံးအထိဆွဲတင်လိုက်သည်။ မုန်ရဲ့လှုပ်ရှားမှုတိုင်းဟာ မြန်ဆန်နေပြီးလုကိုအလွန်အမင်းစိုးရိမ်နေတာကြောင့် ချွေးစေးများပါစီးကျနေသေးသည်။'ကိုကို...ကိုကို...ထပါဦး'
မုန်ဟာ လုရဲ့ပါးပြင်လေးကိုခပ်ပါးပါးပုတ်ကာခေါ်ကြည့်ပေမယ့် လုဟာသတိလစ်နေဆဲပင်။ထို့နောက် မုန်ဟာ လုရဲ့ဘယ်ဘက်ခြေ ထောက်ခြေမျက်စိနားကို ခပ်ဖွဖွလေး နမ်းလိုက်သည်။ညာဘက်ခြေချင်း၀တ်လေးကိုလည်း ထိုနည်းအတိုင်းနမ်းလိုက်သည့်အခါ လုဟာ ဖြည်းဖြည်းချင်းမျက်လုံးပွင့်လာပြီး လှုပ်လှုပ်ရှားရှားဖြစ်လာလေသည်။
'မုန်'
ခေါ်သံအကြားမုန်ဟာ ခေါင်းထောင်လာကာ
မျက်ရည်မ၀ဲတ၀ဲ မျက်လုံးများနဲ့အတူ လုအားဖက်ထားလိုက်လေသည်။'အား ကြောက်လိုက်တာ'
တစ်မိုးအောက်က ပြိုင်စံရှားဘုရင်တစ်ပါးကို
ကြောက်လန့်သွားအောင် လုပ်နိုင်သည့်အရာ ရှိလာပြီဆိုတာ စန်းလဘုရင်သူကိုယ်တိုင်ကသာအသိဆုံးဖြစ်မည်ထင်သည်။သူကိုယ် တိုင် နှုတ်မှပထမဆုံးအကြိမ်ထွက်ဖူးသည့်ထိုစကားတစ်ခွန်းဟာ အခိုင်လုံဆုံး သက်သေတစ်ရပ်ပင်။မုန်ရဲ့စကားကိုကြားပြီးလုဟာ ပြုံးမိသွားသည်။သူ့ရဲ့ခြေထောက်ဆီကလည်း နာကျင်မှုတစ်စုံတစ်ရာကို လုံးလုံးမျှမခံစားရတော့။
အဘယ်ကြောင့်ဆိုသော် မိစ္ဆာတိုင်းပြည် စန်းလဘုရင်ရဲ့နှုတ်ဖျားမှတစ်ဆင့်စီးဆင်းသွားခဲ့တဲ့ အင်မတန်အားကောင်းသည့် စွမ်းအင်များကြောင့်ဆိုတာ အတိအကျဖြစ်၏။'ကို့ကို မုန်ဘယ်လိုခေါ်လာတာလဲ'
'ကျောပိုးပြီး'
YOU ARE READING
လုမုန် (Completed)
Romanceဟိုးယခင်တုန်းက လူ့ပြည်လူရွာနဲ့ မိစ္ဆာလောကဟာ အတောမသတ်နိုင်တဲ့ စစ်ပွဲတွေဖြစ်ခဲ့ကြတယ်။ စန်းလနိုင်ငံတော်၏ မိစ္ဆာဘုရင်မ စန်းလရဲ့စွမ်းဆောင်ရည်တွေနဲ့အတူ မိစ္ဆာနှိမ်နင်းတဲ့ နိုင်ငံအတော်အများ ကျဆုံးသွားကာ အင်အားကြီးနိုင်ငံတွေဖြစ်ကြတဲ့ ကျစ်၊ချီ၊မော့၊လျန်၊ပါ ဟ...