EPISODE (15)*

44 9 2
                                    

(Unicode)
Warning ⚠️
(Adult senceအနည်းငယ်ပါ၀င်မည်ဖြစ်သည့်အတွက် အသက်ပြည့်မှသာဖတ်ရှုရန်)

တစ်ပတ်ခန့်ကြာသော်။

ဥယျာဉ်တော်ထဲ၌ လုနဲ့မုန်ဟာချိန်း‌တွေ့နေကြ
သည်ထင်၏။ပေရှုံးဟာ ဥယျာဉ်အ၀မှ စောင့်
ကြပ်ပေးနေလေသည်။

ပန်းခင်းကြီးထဲ၌ လုဟာလက်ကိုကွေးပြီးခေါင်းအုံးထားရင်း ပက်လက်လှဲနေသည်။

သူ့ဘေးတွင်မုန်ဟာတော့ ထိုင်နေလျက်ပေါင်
ပေါ်တွင်လည်း ပန်းတစ်စည်းစာပန်းတွေကို
လည်းတင်ထားသေးသည်။ကြည့်ရတာ လုခူး
ပေးထားတာပဲဖြစ်မည်။ထိုရောင်စုံပန်းတွေ
အား တစ်ပွင့်ချင်းပန်ကြည့်လိုက် ပြန်ချလိုက်လုပ်နေသေးသည်။လုဟာတော့ သူ့ကိုကြည့်ပြီးသဘောကျနေလေသည်။

'လု...လှလား'

'အင်း လှတယ်'

'ဒါလေးကရော'

'လှတယ် မုန်ကဘယ်ပန်းပန်ပန်ကိုလှနေတော့
တာပဲ'

'ကိုကို နောက်ပြီးကျရင် ထပ်ခူးပေးဦးနော်
များကြီး များကြီး'

'အင်းပါ'

ထို့နောက် မုန်ဟာလုရဲ့လက်မောင်းပေါ်ခေါင်း
အုံးလိုက်ပြီးဘေးတွင်တစောင်းလေးလဲလျောင်း လိုက်လေသည်။

လုဟာမုန်ရဲ့ပါးပြင်လေးကိုကိုင်လိုက်ကာ

'ကိုနဲ့‌လာနေရတာပျော်ရဲ့လား မုန်'

မုန်ဟာပြုံးပြလိုက်ရင်းပြောသည်။

'အင်း'
လုဟာ ပြန်ဖြေလိုက်တဲ့ မုန့်ပါးပြင်လေးကိုဖိကာ
နမ်းလိုက်ပြီး‌နောက် သူဟာ အနည်းငယ်အောက်လျောလိုက်ပြီး မုန်ရဲ့ရင်ခွင်ထဲကို ခေါင်းလေးတိုး‌ဝေ့လိုက်ကာ

'ကိုရောပဲ အမြဲဒီလိုလေးပဲနေချင်တာ'

××××

ထိုစဉ်~
ဥယျာဉ်အ၀ရှိပေရှုံးဆီသို့ ရုတ်တရက်မိဖုရားချိုးရောက်ရှိလာလေသည်။

'မိဖုရားချိုး အထဲကို၀င်သွားလို့မရပါဘူး'

'ဘာလို့လဲ'

'အရှင်လုကတစ်ယောက်တည်းအေးဆေးအနားယူချင်တယ်မိန့်ထားလို့ပါ'

လုမုန် (Completed)Where stories live. Discover now