EPISODE (16)

24 9 1
                                    

(Unicode)

နှစ်ရက်ခန့်ကြာသော်

ည၁‌၀နာရီအချိန်။
နန်းတော်အနီး တောလမ်းကြားလေးတစ်ခု။

'အို ဘယ်သူများလဲလို့ မော့ပြည့်ရှင်ပါလား'

တစ္ဆေမျက်နှာဖုံးတစ်ခုကို စွပ်ထားပြီး အနက်
ရောင် ခမ်းနားသည့် ၀တ်ရုံတော်အရှည်ကို ၀တ်ဆင်ထားပြီး လေးတစ်ချောင်းကို အသင့်ချိန်ရွယ်ထားသည့်အမျိုးသမီးအား မုန်ဟာ ပြောနေခြင်းဖြစ်၏။မျက်နှာကိုဖုံးကွယ်ထားသော်လည်းသူတပ်အပ်သိနေ၏။

မုန်ဟာတော့ ‌အမျိုးသမီးတစ်ယောက် ၏အသွင်ဖြင့် မတ်တပ်ရပ်နေလေသည်။

ထိုအချိန်ဖြတ်ခနဲ သူ့အလစ်မှာ၀င်တိုက်ဖို့
စောင့်ဆိုင်းနေသည့် သူတစ်ယောက်ဟာ ဓားဖြင့်ခုတ်ဖို့ရွယ်ထားနေရင်း သူ့ဆီပြေးလာနေသည်။

ထိုသူဟာ မော့ပြည့်ရှင် ကျစ်နန်းတော်သို့လာလျှင်အမြဲလိုက်ပါလာတတ်သော မော့ပြည့်ရှင်၏ကိုရံတော်ဖြစ်လေသည်။

လော့ချန်းဟာ မော့ပြည့်ရှင်သက်တော်စောင့်ကိုလက်နှစ်ဖက်ထဲ၌ ဆုပ်ချေလိုက်ကာ မှုန့်ညက်ညက်ကြေသွားသည့်အခါ လက်ဖဝါးနှစ်ဖက်နဲ့ဖိချေလိုက်ရင်း လက်မှာဖုန်ကပ်နေလို့ခါသလိုပင် ခါချလိုက်လေသည်။

ပြီးနောက် သူဟာ Smirk တစ်ချက်ဖြင့်ပြုံးသွားသည်။သူလက်ထဲ၌ ကိုရံတော်၏ဓားရှည်လေးသာ ကျန်ခဲ့လျက်။

'လော့ချန်း နင်တော်တော်အတင့်ရဲပါလား ငါ့သားတော်ဘေးမှာ ကြင်ယာတော်အယောင်
ဆောင်ပြီးတော့ကို ချဉ်းကပ်ရဲတာ ငါ့သားကို
ဘာလုပ်ဖို့ကြံစည်နေတာလဲ'

' ဟား...ဟား....မော့ပြည့်ရှင်က သတင်းတွေအတိုင်း သိပ်ကို လျင်မြန်ပါးနပ်လွန်းတာပဲ ဒါပေမယ့် လွန်ခဲ့တဲ့၁၅နှစ်က ကျွန်တော့်ခမည်းတော်ရဲ့ ဓားနဲ့ မယ်တော်ရဲ့လက်စွပ်ကိုယူသွားခဲ့တဲ့ တရားခံကိုတော့ ဘယ်လိုမှဖမ်းလို့မမိခဲ့ဘူးမဟုတ်ဘူးလား'

မိစ္ဆာဘုရင်တွေက လက်ညှိုးမှာအမြဲအမြု တေလက်စွပ်စွပ်ထားရလို့ လက်ညှိုးမှာအမြဲ လက် စွပ် ရာလေးစွဲကျန်နေတတ်တာကို သိထားတဲ့ အကဲပါးတဲ့ မော့ပြည့်ရှင်ဟာ နန်း တော်ထဲမှာသူလျှိုတွေလွှတ်ထားရင်း သူ့အငိုက်ကိုဖမ်းဖို့ကြံစည်ခဲ့တာ သူနဲ့စတွေ့ကတည်းကပင်။အခုမှသူဟာ မျက်နှာဖုံးကိုခွာချလိုက်တော့သည်။

လုမုန် (Completed)Where stories live. Discover now