Shan & Pan(Unicode)

39 5 1
                                    

ရှန်နဲ့ပန်အကြောင်းလေးကိုလည်းသိချင်ကြမယ်ထင်လို့ရေးပေးလိုက်ပါတယ် 🩷😀

ပကျိ.....ပကျိ......

.....ဥဩ....ဥဩ.....

တောင်ကျစမ်းရေဟာလည်းတသွင်သွင်......

နံနက်ခင်းဝေလီဝေလင်းအချိန်ဖြစ်တာကြောင့်နေရောင်ခြည်ဟာလည်းဝါဝါဖြာဖြာလေးဖြစ်နေ‌၏။

သစ်ပင်သစ်ရွက်လေးများဟာလည်း မိုးနှင်းစက်ရေများစိုစွတ်နေသေးသည်။

.....တောက်....တောက်....

ထိုအချိန်တွင် အနီရောင်ရဲရဲ၀တ်ရုံတော်နဲ့လူတစ်ယောက်ဟာ ယုန်လေးတစ်ကောင်ရဲ့ခြေထောက်ကို ရစ်ပတ်ထိုးစိုက်ထားသောဆူးခြုံကိုညင်သာစွာပဲဖယ်ရှားပေးလိုက်သည်။

ပြီးနောက် ဒဏ်ရာရထားသော ယုန်ကလေးအားလက်တစ်ဖက်ဖြင့်ပွေ့ချီပြီးမတ်တပ်ရပ်လိုက်လေပြီ။

ထိုသူဟာ ကျိန်းသေပေါက်ရှန်သခင်ပင်။

ရိုးရာအတိုင်းမိန်းမမျက်နှာတစ်၀က် ယောက်ျားမျက်နှာတစ်၀က်မျက်နှာဖုံးတပ်ထားသည့်အပြင် ဘယ်ဘက်နားတစ်ဖက် ၌နားအနီရောင်ပုလဲလုံးသုံးလုံးနဲ့ အဝါရောင်ပုလဲသေးသေးလေးတစ်လုံးအဆင့်ဆင့်စီတန်းထားသောနားဆွဲလေးတစ်ဖက်ကိုဆွဲထားလေသည်။ ထိုတစ်ဖက် ၌ပင် ကျစ် ဆံမြီးသေးသေးလေးတစ်ချောင်းကိုကျစ် ထားကာ ကျန်ဆံပင်များဟာတော့ ဖြားလျားချထားလေသည်။

ထိုဘယ်ဘက်လက်သွယ်သွယ်လေးရှိလက် သည်းရှည်များမှာလည်း လက်သည်းနီကျောက်စိမ်းရောင်လေးကိုဆိုးထားသေးသည်။

ညာဘက်ကိုယ်ခန္ဓာတွင်တော့ ထိုကဲ့သို့မိန်းမအဆင်အယင်တစ်ခုမှမရှိ။ဘေးတစ်စောင်းသာကြည့်လိုက်ရင် အင်မတန်ခန့်ညားသည့်အမျိုးသားတစ်ယောက်၏အသွင်သဏ္ဍာန်သာဖြစ်သည်။

ထိုမိန်းမလိုလိုယောက်ျားလိုလိုသူ၏နာမည်မှာ
"ရှန်"

'အား......'

အလွန်ပူဆွေး၀မ်းနည်းကာငိုကြွေးနေသည့်အမျိုးသမီးတစ်ယောက်ရဲ့အသံဟာထွက်ပေါ်လာခဲ့လေသည်။

'ပါးစပ်ထဲကို အ၀တ်စစို့ထားလိုက်'

'ဒီမိန်းမ မျက်စိသာမမြင်တာ အားကျသန်တယ်'

လုမုန် (Completed)Where stories live. Discover now