Ep-1 (လှည့်ကွက်) U/Z

378 8 3
                                    

"နောက်တစ်နှစ်တောင်ကူးသွားပြီပဲ။ ငါတောင်တစ်နှစ်အိုသွားပြီ"

ဇေယျာကမဲ့တဲ့တဲ့အသံနဲ့ ပြုံးပြီးတော့ကျေနပ်စွာပြောလိုက်တယ်။ ဒီနေ့က Oct 9 ရက် ဇေယျာ့မွေးနေ့လေ။ သူ့မွေးနေ့ဆိုတော့ အိမ်မှာလူတွေစည်ကားလို့ပေါ့။ သီတင်းကျွတ်မို့​ အဆောင်ကနေ အိမ်ပြန်ပြီးမွေးနေ့ကျင်းပတာပေါ့

"ဟျောင် ဇေယျာ မင်းတောင် ၁၆ နှစ်ပြည့်သွားပြီနော်။ ကဲ မင်းမွေးနေ့ဆိုတော့ ကစ်ရအောင်"

ဇေယျာရဲ့ best friend ဖြစ်တဲ့ ဘုန်းမောင်ကပြောလာတော့ ဇေယျာကလည်းစိတ်မရှည်တဲ့အသံနဲ့

"နေစမ်းပါ ငါ့ဟာငါတောင် ပြတ်လပ်နေတာ မင်းတို့ကိုကျွေးဖို့ဆိုဝေးသေး အိမ်မှာစားရတာပဲ ကံကောင်းတယ်မှတ် အကန်ခံချင်လို့လား"

"မင်းကလဲ မင်းမွေးနေ့ဆိုတော့ ကျွေးရမှာ မင်းတာဝန်လေ ဘာလဲ မင်းက ရွှေရည်နဲ့ date ရမှာမို့လို့လား"

ရွှေရည်လို့ခေါ်ကြတဲ့ နှင်းရွှေရည်ဆိုတာ ဇေယျာရဲ့ ရည်းစားပေါ့။ ဇေယျာက ရွှေရည်ကိုအရင်ဖွင့်ပြောခဲ့တာပါ။ဇေယျာက အဲ့နေ့တုန်းက အကျီ လက်ရှည် စတိုင်ပန် နဲ့ ဝတ်လာတဲ့အပြင် ဆံပင်ကလည်း နေရောင်အောက်မှာ နက်မှောင်လျက်ရှိတော့ ရွှေရည်ကလည်း ဘယ်ငြင်းရက်မလဲ။

"အေ ဟုတ်တယ် အဲ့တော့မင်းတို့က ဘာဖြစ်ချင်တုန်း" ဆိုပြီး ဇေယျာက ပြောလာတော့

"အမယ် မင်းက ရွှေရည်ကို မင်းသောက်ခွက်နဲ့ ချုပ်ထားတာပေါ့ ကြွကြွ မြန်မြန်သွား ပန်းနုသွေးမက စောင့်နေလိမ့်မယ်"

"မင်းတော့ အကန်ခံချင်နေပြီ"
"မင်းကလဲ သူငယ်ချင်းမို့ပြောပြတာပါ ဟဲ"

ဘုန်းမောင်ကစပ်ဖြီးဖြီး ရုပ်နဲ့ ပြောလာတော့ ဇေယျာက သူ့ကို "မင်းသွားတော့!!!" ဆိုပြီး စိတ်မရှည်တဲ့ အသံနဲ့ပြောလာတော့ ဘုန်းမောင်ကပြေးတာ အမြီးတောင်မမြင်ရတော့ဘူး

ဇေယျာဆိုတဲ့သူက နာမည်တစ်လုံးနဲ့နေလာတာမို့ အဲ့ကောင် စိတ်မရှည်ရင် ကြောက်စရာပင်

"ဘာတွေမှန်းမသိဘူး လာစားနေတယ်"
ဇေယျာက ပွစိပွစိနဲ့ပြောရင်းကျန်ခဲ့တာပေါ့

နေဝင်ချိန်ဆည်းဆာ⛅Where stories live. Discover now