Ep-2(ခင်မင်မှုအစ) U/Z

132 6 0
                                    

သစ်ပင်ရိပ်တွေနဲ့ လှပနေတဲ့ ကျောင်းဆောင် မြက်ခင်းစိမ်းစိမ်းတွေရှိတဲ့ ကျောင်း အားကစားကွင်း ရှည်လျားလှတဲ့လျှောက်လမ်း ပညာပန်းတိုင်ကျောင်းဆောင်က အဖြူရောင်အိမ်တော်ကြီးအလား ကြည့်လိုက်တာနဲ့ရင်ထဲတွင်အေးမြလျက်

လျှောက်လမ်းရှည်ပေါ်တွင် လမ်းလျှောက်နေသော ဇေယျာ နဲ့စိုင်းအောင်ခမ်း

"ညီတို့အခန်းက ဒီလျှောက်လမ်းအဆုံးမှာရောက်ပြီနော်"

"ညီဆိုတော့ အသက်က?"

စိုင်းအောင်ခမ်းကမေးလာတော့ ဇေယျာရဲ့စိတ်ထဲမှာ "ဒီလူကြီးတော်တော်စပ်စုတာပဲ"
သူ့အတွေးတွေကိုဖယ်ထုတ်ပြီးတော့မှ

"အော် ညီက သီတင်းကျွတ်ပိတ်ရက်တုန်းကမှ ၁၆ ပြည့်ထားတာလေ"

စိုင်းအောင်ခမ်းက နှုတ်ခမ်းဆူသွားကာ

"အကိုက ညီ့မွေးနေ့ကိုမမှီလိုက်ဘူးပေါ့"

"ဒါပေါ့ စကားများမနေနဲ့ဦး စာသင်ချိန်နောက်ကျလိမ့်မယ် English အချိန်နော်
အဲ့ဆရာမက အသေဆူတာ အပစ်ပေးခံနေရလိမ့်မယ်"

"နေပါဦး အကိုက ကျောင်းရောက်တာမကြာသေးဘူးလေ ဆရာမ နာမည်ပြောပြပါဦးလား"

"ဟိုမှာတွေ့လား ညီတို့အခန်းထဲမှာ စာသင်နေတဲ့ ဆရာမက English ဆရာမလေ သူ့နာမည်က ဆရာမဒေါ်စန္ဒာတဲ့ ညီတို့ကတော့ တီချယ် စန္ဒာ လို့ပဲခေါ်တယ်"

"နာမည်နဲ့တင် အကို ကြက်သီးတောင် ထ လာပြီ"

သူတို့အခန်းထဲကိုဝင်လိုက်တာနဲ့ သင်နေတဲ့ ဆရာမ စန္ဒာက သူတို့ဘက်ကိုလှည့်ကာ

"ကဲ ရှင်တို့နှစ်ယောက်ဖြေရှင်းချက်လေးပြောပါဦး ကျောင်း စဖွင့်ရက်ကို ဘာလို့နောက်ကျတာလဲ"

ဇေယျာက ပြုံးပြုံးနဲ့ စကားစလိုက်တယ်

"ဆရာမကလည်း နည်းနည်းနောက်ကျတာကို ဆရာမလည်းစာမသင်ရသေးဘူးမလား ကျွန်တော် ကျောင်းသားသစ်ကို နေရာလိုက်ပြပေးနေရလို့ပါဗျာ"

"အော် အဲ့တာ အခုပြောနေကြတဲ့ ကျောင်းသားသစ်ဆိုတာလား သား လာမိတ်ဆက်လေ မင်းက ကျောင်းသားသစ်ဆိုတော့ ငါမပြောသေးပါဘူး။ ဇေယျာ!!!! နင်ကတော့ အပစ်ပေးခံရမယ် အခန်းရှေ့မှာရပ်နေ ငါဝင်ဆိုမှလာ"

နေဝင်ချိန်ဆည်းဆာ⛅Where stories live. Discover now