အိမ်ကို ကားနဲ့ အမြန်မောင်းနေတဲ့ ဇေယျာ...
ကားရဲ့ အရှိန်နဲ့ အတူ မျက်ရည်တွေပါ လွှင့်စင်သွားအောင် ကြိုးစားရင်း.....
ခေါင်းထဲက နွေးသစ်ချိုအကြောင်းကို မေ့ပစ်ဖို့ကြိုးစားနေပါပြီ။ ဇေယျာ့အတွက်တော့ မိန်းကလေးတွေနဲ့ အမြဲပြတ်နေတာဆိူတော့ နောက်နေ့ရောက်တာနဲ့ ခံစားရတော့မှာမဟုတ်တာ အမှန်ပင်ဖြစ်တယ်။ကလင်*** (phone ringing)
"ဟယ်လို ဇေယျာလား"
"omm ဟုတ်တယ် ဘယ်သူလဲဗျ"
"ငါလေကွာ ယောက်ဖ ဘုန်းမောင်"
"ဟ မင်းထူးထူးဆန်းဆန်းပါလား ဘာလို့ဖုန်းတွေဆက်နေတာလဲ"
"ဘာမှမဟုတ်ပါဘူးကွ သတင်းကောင်းပြောစရာရှိလို့"
"A ငါလည်း သတင်းဆိုးပြောစရာရှိတယ်"
"မင်းအရင်ပြောလေကွာ"
"ငါ့ဟာက အဲ့လောက်အရေးမကြီးဘူး မင်းနားရည်ဝပြီးသားကိစ္စ"
"ပြီးရော ငါအရင်ပြောမယ်"
"ပြော"
"ဒီနေ့ကွာ ကျောင်းကို summer အတွက် သင်တန်းလာအပ်တဲ့ကောင်မလေးတစ်ယောက်ရှိတယ်ကွ"
"အဲ့တော့ဘာလုပ်ရမှာလဲ"
"ငါပြောတာ ဆုံးအောင်နားထောင် အဲ့ကောင်မလေးက မင်းနဲ့သိတယ်ပြောတယ် ငါတော့သူ့ကို တစ်ခါမှမမြင်ဖူးဘူး မျက်မှန်လေးနဲ့ဟ ချစ်တော့ ချစ်စရာလေး"
"ဟ ငါနဲ့ ဘယ်လိုသိတာတဲ့လဲ"
"အဲ့တာ သူက မင်းနဲ့တွေ့ချင်တယ်တဲ့ မနက်ဖြန် ၁၁ နာရီလောက် ရှမ်းကန်မှာ လာတွေ့ပါတဲ့"
"ဟာ ငါတောင်မမှတ်မိတဲ့သူတစ်ယောက်ကို ဘယ်လို ငါတစ်ယောက်ထဲသွားတွေ့ရမှာလဲဟ ပြီးတော့ သူက ငါနဲ့တွေ့ဖူးတယ်ဆိုတာ လိမ်နေတာဆိုရင်ရော"
"မင်း ကိုကိုကြီးကိုခေါ်သွားလေ"
"ဘယ်သူတုန်းဟ"
"အ လိုက်တာ စိုင်းအောင်ခမ်းလေ"
"ယိ့ မင်းလာနောက်မနေနဲ့.....ငါသူ့ကိုပြောကြည့်မယ် သူမလိုက်ရင် မင်းကို ဆံပင်ကနေ ဆွဲခေါ်မှာ ခွေးကောင်"
YOU ARE READING
နေဝင်ချိန်ဆည်းဆာ⛅
Romanceနေဝင်ချိန်ဆည်းတာ.....⛅ အချစ်ဆိုတာက ကစားစရာတစ်ခုပဲလား ကိုယ့်ခံစားချက်တွေကကော အရေးပါရဲ့လား ချစ်မိနေပေမယ့် မသိခဲ့ဘူး သိခဲ့တဲ့အချိန်မှာလဲ နောက်ကျသွားခဲ့ပြီ ကိုယ်ချစ်ခဲ့ပေမယ့် နေဝင်ချိန်လို တစ်ချိန်ချိန်မှာသာ...... Author- နှင်းရိပ်မြုံ....