"ကိုယ်မင်းကိုချစ်မိနေပြီ ဒါပေမယ့် မင်းဘဝထဲ မဝင်ရဲသေးဘူး''
ဇေယျာ မနက်အိပ်ရာနိုးတော့ စိုင်းအောင်ရင်ခွင်ထဲရောက်နေတာကို သိလိုက်ရတယ်... သူကိုယ်တိုင်ကလဲ ဘယ်လိုရောက်မိနေလဲမသိ ပြီးတော့ သူ့အင်္ကျီတွေလဲ လဲပေးထားတယ် သူ စိုင်းအောင်ကို နိုးပြီး မေးတော့ ညကအဖျားတတ်နေကြောင်းပြောပြီး ကတောင်ကယန်းဖြစ်သွားကြောင်းပြောလေတော့တယ်...
''ခင်များ... ကျုပ်ကိုဘာမှမလုပ်ပါဘူးနော်''
''အာ.... ကိုယ်က ဘာမှမလုပ်ရပါဘူးပေါက်စရယ်''
စိုင်းအောင်ကတော့ ''ခင်များလေးကသာ ကျုပ်ကိုလုပ်တာပါနော်'' ဆိုပြီးတိတ်တိတ်လေးရွတ်လိုက်ပါသေးတယ်...
''ခင်များသေချာလို့လားနော်''
''ဟော... ဘာမှမလုပ်ပါဘူးဆိုနေဗျာ... ရေပတ်တိုက်ပေးပြီး အင်္ကျီလဲပေးထားတာ... ကဲ သွားသွား မျက်နှာသွားသစ် အမတို့ကလဲစောင့်နေလောက်ပြီ ပုပ္ပါးဘက်သွားဦးမှာမလား.... ပြီးမှပြန်ကြတာပေါ့''
''ဟုတ်ပြီ.... ကျွန်တော်ပြင်ဆင်လိုက်ဦးမယ် ခန''
ထိုသို့ပြောပြီးသည်နှင့် ဇေယျာကတော့ အမြန်အဆန်ပဲပြင်ဆင်တော့တယ်... စိုင်းအောင်ကတော့ ဇေယျာပြီးတာကိုစောင့်ပြီးမှ အေးဆေးလုပ်နေသေးတယ်
''ခင်များကြီးမပြီးသေးဘူးလားဗျာ... အမတို့စောင့်နေလိမ့်မယ်ဆိုပြီးပြောနေပြီးတော့''
*ကလင်*
''ဖုန်းလာနေတယ် ကျွန်တော်ကိုင်လိုက်မယ်''
''ဟယ်လို..... ကိုစိုင်းအောင်ခမ်းရှိလားမသိဘူး''
''အမ်... ဘယ်သူလဲ''
ဖုန်းပြောနေတာကိုကြားသည်နဲ့စိုင်းအောင်က ဇေယျာ့လက်ထဲကဖုန်းကိုအမြန်ကောက်ယူလိုက်ကာ......
''ဟယ်လို... စိုင်းအောင်ခမ်းပြောနေပါတယ်ဗျာ''
ဇေယျာကလည်း စိုင်းအောင်ဖုန်းကိုဇွတ်ယူလိုက်တာကိုတွေ့ပြီးနည်းနည်းကြောင်သွားတယ်

YOU ARE READING
နေဝင်ချိန်ဆည်းဆာ⛅
Romanceနေဝင်ချိန်ဆည်းတာ.....⛅ အချစ်ဆိုတာက ကစားစရာတစ်ခုပဲလား ကိုယ့်ခံစားချက်တွေကကော အရေးပါရဲ့လား ချစ်မိနေပေမယ့် မသိခဲ့ဘူး သိခဲ့တဲ့အချိန်မှာလဲ နောက်ကျသွားခဲ့ပြီ ကိုယ်ချစ်ခဲ့ပေမယ့် နေဝင်ချိန်လို တစ်ချိန်ချိန်မှာသာ...... Author- နှင်းရိပ်မြုံ....