ဒီဇင်ဘာကျောင်းလည်းပိတ်ပြီ။ကျောင်းကြီးလည်း တိတ်ဆိတ်လို့နေပြီ။ကျောင်းပိတ်လို့မွေးရပ်မြေကိုပြန်ခွင့်ရတဲ့စိုင်းအောင်ခမ်း။
သူ့ရဲ့ မွေးရပ်မြေက ကောလင်းဒေသဖြစ်လို့ လှပသောဒေသတစ်ခုပင်ဖြစ်သည်။ကောလင်းမြို့က မြို့နယ် ခရိုင်ရုံးစိုက်ရာမြို့ဖြစ်သည့်အပြင် ကောလင်း ၊ဝန်းသို၊ ပင်လည်ဘူး စတဲ့ခရိုင်သုံးခုပေါင်းထားတာ ကောလင်းဒေသလို့ခေါ်ဆိုခြင်းဖြစ်တယ်။
စိုင်းအောင်က ကောလင်းရဲ့ ခမောက်တောင်ပွဲတော်ကိုအလွန်နှစ်သက်သူပင် ထိုပွဲတော်ဟာ မတ်လ ၁၀ ရက်နေ့မို့ ဒီဇင်ဘာနဲ့အဝေးကြီး လိုသေးသည်။စိုင်းအောင်က အိမ်ကိုပြန်ရောက်သည်နှင့်အမေလိုခင်ရသည့် အန်တီ ကိုနှုတ်ဆက်ကာ ခရီးပန်းလာတာကြောင့် ခနအနားယူလိုက်သည်။ နားပြီးတော့မှ အန်တီနဲ့ လတ်တလော အခြေအနေတွေအကြောင်းပြောဖြစ်တာပေါ့။ သူက အိမ်ပြန်ရောက်နေတော့ ဖုန်းထဲက လိုမျိုးလွတ်လွတ်လပ်လပ်ပြောခွင့်မရှိဘဲ စကားကိုထိန်းနေရသည်။
" အဘွားလေးကော ဒီတစ်ခေါက် အိမ်ပြန်မလာဘူးလား"
"နင့်အဘွားလေးက ဝန်းသိုမှာလေ ဒီတစ်ခါပြန်လာဖြစ်မယ်မထင်ဘူး သွားတွေ့ချင်ရင် ငါလိုက်ပို့ပေးမယ်လေ"
"ရပါတယ် သားဖာသာသွားတွေ့လိုက်ပါ့မယ်"
"အေအေ အဲ့တာဆိုလည်း ပြီးတာပဲ နင် နှစ်ရက်လောက်တော့ ကောလင်းမှာနေဦးမှာမလား။နင့်အဘွားလေးကို မျက်နှာသွားပြပြီးရင် အကိုလေးဆီလိုက်ဦး။ သူအခုနောက်ပိုင်း ရှမ်းပြည်မှာ အလုပ်သိပ်မရှိဘူးပြောတယ်"
"ဟုတ်ကဲ့ အဲ့တာဆို သား ခရီးပန်းလာလို့ အိပ်တော့မယ်လေ"
"အေအေ နားနားနေနေ လုပ်"
စိုင်းအောင်အတွက်ကတော့ အဆင်ပြေနေပေမယ့်
ဇေယျာကတော့ ဒီဇင်ဘာကျောင်းပိတ်ကို အိမ်ပြန်ဖို့နေနေသာသာ သူ့မိဘတွေကတောင် နိုင်ငံခြားကပြန်မလာသေးလို့ အိမ်မှာပဲ တစ်ယောက်ထဲရှိနေတာပေါ့ တစ်ခါတလေ နွေးသစ်ချိုနဲ့ date ဖြစ်ပေမယ့် သူ့စိတ်ထဲမှာတော့ ဘဝင်မကျပေ။သူက အမြဲအိမ်မှာ အတွေးပေါင်းများစွာနဲ့ sakura ပန်းလေးတွေကြည့်ပြီး အိပ်တာပေါ့။
YOU ARE READING
နေဝင်ချိန်ဆည်းဆာ⛅
Romanceနေဝင်ချိန်ဆည်းတာ.....⛅ အချစ်ဆိုတာက ကစားစရာတစ်ခုပဲလား ကိုယ့်ခံစားချက်တွေကကော အရေးပါရဲ့လား ချစ်မိနေပေမယ့် မသိခဲ့ဘူး သိခဲ့တဲ့အချိန်မှာလဲ နောက်ကျသွားခဲ့ပြီ ကိုယ်ချစ်ခဲ့ပေမယ့် နေဝင်ချိန်လို တစ်ချိန်ချိန်မှာသာ...... Author- နှင်းရိပ်မြုံ....