EP-4. U/Z

90 5 7
                                    

နတ်သမီးတစ်ယောက်လိုလှပတဲ့ကောင်မလေးရဲ့ ဖုန်းနံပါတ်ကိုရလို့ပျော်နေတဲ့ ဇေယျာ မဒီနဲ့ပြန်တွေ့လို့ပျော်နေပေမယ့် ဇေယျာ့အကြောင်းသိတဲ့ စိုင်းအောင်ကလည်းနွေးသစ်ကို သနားမိ။ဘာလို့လည်း ဆိုတော့ ဇေယျာဆိုတဲ့ကောင်က မိန်းကလေးတစ်ယော​က်နဲ့တွဲပြီဆို နှစ်လတောင်မကြာ။ သူ့စိတ်ကြောင့်ပြတ်ကြတာချည်းပဲ။

နောက်တစ်နေ့ရောက်တော့ ဇေယျာက အိမ်မှာ နွေးသစ်ချိုရဲ့ ဖုန်းကိုဆက်ကြည့်တော့ နွေးသစ်ချိုကလည်း ကိုင်ပါတယ်။

"hello?"

"ဟုတ်ကဲ့ရှင့် ဘယ်သူလဲမသိဘူး"

"ဟာ မမ ကျွန်တော်လေဗျာ ဇေယျာ"

"အော် သိပြီ junction မှာတွေ့ခဲ့တဲ့မောင်လေးမလား"

"ဟုတ်တယ် မမ"

ဇေယျာနဲ့ နွေးသစ်ချိုနဲ့ ဖုန်းပြောလိုက်တာ တစ်နာရီနီးပါတောင်ကြာသွားပါလေရော  facebook account တွေတောင်း တစ်ယောက်အကြောင်းတစ်ယောက်သိအောင်မေးရင်းနဲ့ အချိန်တွေကုန်သွားတာပေါ့။ ဇေယျာက နွေးသစ်ချို သူ့ အကောင့် လာတောင်းကတည်းက ကြိုက်မိနေတာဆိုတော့ သူအရင်ဖွင့်ပြောဖို့လုပ်ပေမယ့်

"ဇေယျာ ငါနင့်ကိုချစ်တယ် ငါတို့တွဲရအောင်လေ"

ဇေယျာမပြောခင်မှာ နွေးသစ်ချိုက ဖွင့်ပြောပါတယ်။
ဇေယျာကလည်း ထ ခုန်မလိုတောင်ဖြစ်သွားကာ 

"ဒါပေါ့ မမ ရဲ့ မမကိုကျွန်တော်လည်းပြောချင်နေတာ"

"ဘာကိုကျွန်တော်လဲ မောင် ပါ ဟီး"

"ဟုတ် မမ"

အမလေး ဇေယျာရဲ့ ပင်ကိုယ်စရိုက်ကပေါ်လာပြန်ပြီ။ သူ့ရဲ့ ရုပ်ရည်နဲ့ ချုပ်ထားတဲ့စော်တွေက မနည်းပါဘူး။

ကျောင်းလည်းပြန်ဖွင့်ပြီ ပညာပန်းတိုင်ကျောင်းကြီးလည်း မြိုင်မြိုင်ဆိုင်ဆိုင် ပြန်ဖြစ်လာပါပြီ ကျောင်းမှာတော့ ဇေယျာက စိုင်းအောင် နဲ့ ဘုန်းမောင်ကိုတွေ့တော့ ခေါ်တာပေါ့။

"စိုင်းအောင်..."

"ညီ အကို့ကို ဘယ်လိုခေါ်လိုက်တာ?"

"စိုင်းအောင်လို့ခေါ်လိုက်တာလေ ဘာဖြစ်လို့လည်း မခေါ်ရဘူးလား"

နေဝင်ချိန်ဆည်းဆာ⛅Where stories live. Discover now