"ဟျောင် ဇေယျာ မင်းချစ်ချစ်ကြီး အလုပ်လုပ်တော့မှာဆို"
"ဘုန်းမောင်!!!!! ဘာမင်းချစ်ချစ်ကြီးလဲ မင်းအဲ့လို လာ စ နေတာ ဘယ်အချိန်မှ ရပ်မှာလဲကွာ"
"မဟုတ်လို့လား မင်းတို့က အမြဲ တွဲသွားတွဲလာလုပ်နေတာလေ ကျောင်းက သူတွေက မင်းတို့ကိုပေးစားနေပြီ"
"အဲ့တော့ ဘာလုပ်ရမှာလဲ ငါတို့က သူငယ်ချင်းတွေပဲ အဲ့ထက်မပိုဘူး"
သူတို့ပြောနေရင်း စိုင်းအောင်က အနောက်ကနေရောက်လာပါတယ်။
"ပေါက်စ"
"ဗျာ"
စိုင်းအောင်က ကျောင်းကိုရောက်တာနဲ့ ဇေယျာကိုအရင်ခေါ်တော့ ဘုန်းမောင်က...
"စိုင်းအောင်ခမ်း? ဒီမှာ နှစ်ယောက်ရှိတာလေ ဘာလို့ သူ့ကိုအရင်ခေါ်တာလဲ ပြီးတော့ ခေါ်တာကလဲ ဇေယျာမဟုတ် ပေါက်စတဲ့"
"ငါက နည်းနည်း အကျင့်ဖြစ်နေလို့ပါကွ"
"အမယ် ကျွန်တော်နဲ့ကျ ငါ လို့ပြောပါလား ဇေယျာနဲ့ကျ အကို တဲ့"
"မဟုတ်ရပါဘူးဗျာ"
ဘုန်းမောင်ကတော့ စိုင်းအောင်ကို ကျောင်းဖွင့်ဖွင့်ချင်း သွား ဂျစ်တိုက်နေပြန်ပြီ ဆိုပြီး ဇေယျာ အတွေးထဲမှာပြောနေပါတော့တယ်။
"ကျောင်းတတ်တော့မှာမလား ကိုယ်တို့ အခန်းထဲဝင်ရအောင်လေ"
"ကောင်းပြီလေ ဝင်ကြတာပေါ့ အရင်တစ်ခါကလို့ Tr Sander ဆူတာခံနေရဦးမယ်"
စိုင်းအောင်က သူကျောင်းစရောက်ရောက်ချင်းတုန်းက အဖြစ်အပျက်ကို ပြန်တွေးပြီး ပြုံးနေမိပါတယ်။
"ဟုတ်ပါပြီဗျာ သွားကြမယ်"
"မင်းတို့သွားနှင့် ငါခန ဟိုဘက်သွားစရာရှိလို့"
"ဘာလဲ စော်နဲ့ date ထားတာလား"
"မင်းသိရင်ပြီးတာပဲ"
ကျောင်းစတတ်တုန်းကလိုပဲ ဒီတစ်ခါလဲ ဇေယျာက စိုင်းအောင်နဲ့ ပထမဆုံးရက်မှာ အခန်းထဲ အတူတူဝင်ရပြန်ပြီ။ဒီတစ်ခါတော့ စိမ်းကားလှတဲ့ ဆက်ဆံရေးမဟုတ်ဘဲ နွေးထွေးလှတဲ့ ဆက်ဆံရေးနဲ့ အခန်းထဲ ဝင်လာရတော့ပါတယ်။
YOU ARE READING
နေဝင်ချိန်ဆည်းဆာ⛅
Romanceနေဝင်ချိန်ဆည်းတာ.....⛅ အချစ်ဆိုတာက ကစားစရာတစ်ခုပဲလား ကိုယ့်ခံစားချက်တွေကကော အရေးပါရဲ့လား ချစ်မိနေပေမယ့် မသိခဲ့ဘူး သိခဲ့တဲ့အချိန်မှာလဲ နောက်ကျသွားခဲ့ပြီ ကိုယ်ချစ်ခဲ့ပေမယ့် နေဝင်ချိန်လို တစ်ချိန်ချိန်မှာသာ...... Author- နှင်းရိပ်မြုံ....