"ဒါနဲ့ပေါက်စ ကိုယ်ပြောတဲ့ကိစ္စ ဘယ်နေ့သွားမှာလဲ"
"ဘာကိုလဲ''
"ဟော AF ကုမ္ပဏီလေဗျာ အလုပ်ကိစ္စ"
"ဪ နောက်လ ပထမ အပတ်လောက်သွားမယ်လေ"
"ပေါက်စကလည်း အခုကို December နောက်ဆုံးအပတ်ရောက်နေပြီလေ"
"အဲ့တာဆို မနက်ဖြန် သွားချင်လို့လား"
"ပေါက်စအားရင် သွားမယ်လေ"
"omm အဲ့တာဆို မနက်ဖြန် မနက် လာခေါ်လိုက်နော်"
နောက်နေ့......
ဇေယျာ pov.. မလာသေးဘူးလားကွာ စိုင်းအောင်ကလည်း ကြာလိုက်တာ...
ထိုအချိန်မှာပဲ အိမ်ရှေ့ကိုကားရောက်လာကာ...
"ပေါက်စရေ ကိုယ်ရောက်ပြီနော်.."
"ဟာ အိမ်ရှေ့မှာ အကျယ်ကြီးဘာလို့ အဲ့နာမည်ကြီးခေါ်နေတာလဲ"
"အဲ့လိုခေါ်တာဘာဖြစ်မှာမို့လို့လဲ ပြီးတော့ ပေါက်စရဲ့ အိမ်ဘေးမှာလည်း အိမ်နည်းနည်းလေးတွေပဲရှိတာကို ဘာမှမဖြစ်လောက်ပါဘူး"
"ခင်များကြီးပြောလို့ပြီးပြီလား သွားမယ်"
"ဟုတ်ပါပြီဗျာ"
ဇေယျာကားပေါ်တက်လာချိန် အသင့်စောင့်နေတဲ့ စိုင်းအောင်.....
နာရီကိုကြည့်လိုက်တော့ ၉ နာရီ ခွဲ...
"တော်တော်တောင်နောက်ကျနေပြီနော်""အဲ့တာကြောင့် အမြန်သွားမယ်လို့ပြောနေတာပေါ့ဗျာ"
စိုင်းအောင်နဲ့ ဇေယျာကမြို့ပြင်စွန်းစွန်းလေးမှာ ရှိတဲ့ AF Company ကိုသွားပါတော့တယ်
AF သို့ရောက်တဲ့အချိန် နာရီကိုပြန်ကြည့်တော့ ၁၀ နာရီ ၁၅ မိနစ်...
မောင်းလာတာ နာရီဝက်စွန်းစွန်းလောက်ပဲရှိပါတယ်...
Company အရှေ့ရောက်တော့ ဇေယျာက အရင်ဝင်သွားပါတယ်.
စိုင်းအောင်က အနောက်မှာနေခဲ့တော့..
"ခင်များကြီးဘာလုပ်နေတာလဲ လာလေ"
"ကိုယ်နည်းနည်း စိတ်လှုပ်ရှားနေလို့ပါ"
"စိတ်လှုပ်ရှားမနေပါနဲ့ ကျွန်တော်ရှိပါတယ်"
YOU ARE READING
နေဝင်ချိန်ဆည်းဆာ⛅
Romanceနေဝင်ချိန်ဆည်းတာ.....⛅ အချစ်ဆိုတာက ကစားစရာတစ်ခုပဲလား ကိုယ့်ခံစားချက်တွေကကော အရေးပါရဲ့လား ချစ်မိနေပေမယ့် မသိခဲ့ဘူး သိခဲ့တဲ့အချိန်မှာလဲ နောက်ကျသွားခဲ့ပြီ ကိုယ်ချစ်ခဲ့ပေမယ့် နေဝင်ချိန်လို တစ်ချိန်ချိန်မှာသာ...... Author- နှင်းရိပ်မြုံ....