Ep-5(Mind) U/Z

81 6 3
                                    

လူတွေရှင်းကာ ကား ၆ စီးလောက် ယှဥ်သွားလို့ရနိုင်တဲ့ နေပြည်တော် လမ်းမကြီး၊ လူစည်ကားစွာဖြင့် ရှိနေသော ပျဥ်းမနားမြို့၊အဝေးကနေကြည့်ရင်တောင် ရွှေရောင်တဝင်းဝင်းဖြင့် ကြည်ညိုဖွယ်ကောင်းသော ဥပါတသန္တိ စေတီတော်၊ ကျယ်ဝန်းလှတဲ့ ပန်းခြံကြီးထဲမှာ တစ်ယောက်တည်း ကောင်းကင်ကြီးကိုငေးနေသော စိုင်းအောင်ခမ်း။

စိုင်းအောင်က တိမ်တွေကြည့်ရတာကိုသဘောကျတာကြောင့် ပန်းမြိုင်လယ် ဥယျာဥ်ကိုအမြဲလာတတ်သူပင်။

စိုင်းအောင်က တိမ်လေးတွေကိုကြည့်ကာ
"ငါဘယ်လိုပြောရမလဲ"

သူက ဇေယျာ မိန်းကလေးတွေကို play နေတာနည်းနည်း ဘဝင်မကျပါဘူး။ စိတ်ပူတလဲပါတာပေါ့။အကျင့်ပျက်မှာစိုးတာပါ။

သူက မနေနိုင်တော့ပဲ ဖုန်းလေးကိုကောက်ကိုင်ကာ ဇေယျာရဲ့ ဖုန်းနံပါတ်ကို နှိပ်လိုက်မိတယ်။

"ဇေယျာလား"

"ဟုတ်တယ်စိုင်းအောင် ဘာလို့လဲ"

"ညီအခုအားလား ဘယ်မှာလဲ"

"ကျွန်တော်က ထုံးစံတိုင်း ပေါ့ နွေးသစ်ကို date ချင်လားမေးဖို့ ဖုန်းဆက်ကာနီး စိုင်းအောင်ဖုန်းဆက်တာနဲ့ ကိုင်လိုက်တာ"

"မသွားတော့နဲ့ ဇေယျာ"

"ဟင် ဘာလို့လဲ စိုင်းအောင်ဘာဖြစ်လို့လဲ"
ဇေယျာက စိတ်ပူတဲ့အသံနဲ့ပြောလာတော့

"ဘာလဲ ကိုယ့်ကို စိတ်ပူတာလား"

"စိတ်ပူစရာလား ပျော်တောင်ပျော်ရမယ် အမြဲလိုက်ကပ်နေတဲ့သူလျှော့တာပေါ့"

"ဇေယျာကွာ ကိုယ့်ကို အဲ့လိုပြောနဲ့ကွာ"

"ပြောတော့ဘာဖြစ်တုန်း အဲ့လိုမဟုတ်လို့လား"

"ဟုတ်ဘူး"

"ကဲ ပြောပါဦး ကျွန်တော့်ကို ဆက်ရတဲ့အကြောင်းအရင်း"

"ကိုယ့်ကို ပန်းမြိုင်လယ်မှာ လာတွေ့လို့ရမလား"

"ဘာလို့လာတွေ့ရမှာလဲ စော်လည်း မဟုတ်ပဲနဲ့"

"ဇေယျာ လာမတွေ့ရင် ကိုယ်အိမ့ကိုလာခေါ်မှာနော်"

"တော်ပါဗျာ လာပဲ လာတော့ပါမယ် အိမ်ထဲတော့ ကြွမလာပါနဲ့ အိမ်ထဲမှာ ရှုပ်ပွနေတာ"

နေဝင်ချိန်ဆည်းဆာ⛅Where stories live. Discover now