လွန်ခဲ့သော ၂ နှစ်ခန့်
စိုင်းအောင်ခမ်းရဲ့ တစ်မိသားစုလုံးက အာဏာနဲ့ ဂုဏ်သိက္ခာအရှိကြဆုံးသူတွေပင်
ထိုအရာတွေအတွက်ဆို ဘာမဆိုလုပ်မည့်အသိုင်းအဝိုင်း ထိုအသိုင်းအဝိုင်းတွင် စိုင်းအောင်ခမ်းမနေချင်ပါ သူနေချင်သည်က ရိုးရိုးရှင်းရှင်းဘဝမျိုးပင် မည်သည့်အပူအပင်မှမရှိသည့် ဘဝကိုသာ သူလိုလားနေသည်။ ထိုသို့ ဖြစ်အောင်လုပ်ပေးနိုင်သူကလဲ ဝန်းသိုမှာ နေထိုင်နေသည့် သူ့အဘွားလေးပင်ဖြစ်သည်... အဘွားလေးက ဝန်းသို အနီးနားက လူလတ်တန်းစားမျိုးနေထိုင်သည့် ရပ်ကွက်သေးလေးတွင်နေထိုင်သူဖြစ်သည်... အဘွားလေးသည် ငွေကြေးချမ်းသာသော်လဲ ဂုဏ်မမောက်. သူ့မြေးအတွက်သာ ကြည့်ပေးသူဖြစ်သည်.. စိုင်းအောင်ခမ်းကိုနားလည်ပေးနိုင်သူမှာလဲ အဘွားလေးပင်ဖြစ်သည်...သို့သော် ယခု မိသားစုနှင့်အတူ ရန်ကုန်မှာနေရသည်မို့ မပျော်ချေ... နိုင်ငံရေးအသိုင်းအဝိုင်းကမို့ အကုန်လုံးကလဲ လူရှိန်ကျသည်... သူတို့နေထိုင်ပုံကြည့်ရုံနဲ့တင် အဆင့်အတန်းခွဲခြားနိုင်လောက်သည့်အထိပင်...
စိုင်းအောင်ခမ်းသည် ဂုဏ်မောက်နေသည့် နိုင်ငံရေးသမားတွေကို လုံးဝ မကြိုက်ချေ သူ့မိဘတွေဖြစ်နေရင်တောင် အမြင်ကြည်မည်မဟုတ်တစ်နေ့ စိုင်းအောင်ခမ်း မိဘတွေဟာ နိုင်ငံရေးပြဿနာနှင့်ကြုံတွေ့လာရသည်...
စိုင်းအောင်ခမ်း အခန်းထဲမှာနေနေတုန်း အိမ်ထဲကို ဝတ်စုံပြည့်နှင့် လူအချို့ရောက်လာကာ သူ့မိဘတွေနဲ့ စကားပြောနေတာကို သူ မရေးတရေးကြားနေရသည်..
''အမတို့ အာဏာကို လွှဲပြောင်းရမယ့်သူလိုလာပြီ... အမတို့ဆီမှာစီစဥ်ထားတဲ့သူရှိရင် ကျုပ်တို့ကိုအမြန်ဆုံးအကြောင်းကြားပေးပါ... ကျွန်တော်တို့ ကြေငြာချက်နဲ့ စာရွက်အပြည့်အစုံယူပြီးလာရမယ်..''
''ဟုတ်ပြီ ကျွန်မတို့မှာ အစီအစဥ်ရှိပါတယ်.. ကျွန်မတို့လဲ ဒီလိုဖြစ်မှာကြိုတွေးပြီးသားပါ.. ဘာပဲဖြစ်ဖြစ် ကျွန်မတို့မှာ သားတစ်ယောက်ရှိပါတယ် သူအဆင်သင့်ဖြစ်တဲ့အချိန်ကျ သူ့ကို လွှဲပေးလိုက်ပါမယ်''
YOU ARE READING
နေဝင်ချိန်ဆည်းဆာ⛅
Romantizmနေဝင်ချိန်ဆည်းတာ.....⛅ အချစ်ဆိုတာက ကစားစရာတစ်ခုပဲလား ကိုယ့်ခံစားချက်တွေကကော အရေးပါရဲ့လား ချစ်မိနေပေမယ့် မသိခဲ့ဘူး သိခဲ့တဲ့အချိန်မှာလဲ နောက်ကျသွားခဲ့ပြီ ကိုယ်ချစ်ခဲ့ပေမယ့် နေဝင်ချိန်လို တစ်ချိန်ချိန်မှာသာ...... Author- နှင်းရိပ်မြုံ....