ဒီနေ့ မတ်လ ၁၂ ရက် ၂၀၂၂.... ကိုယ့်မိသာစုနဲ့မဟုတ်ပဲ တခြားကိုယ်ခင်မင်ရတဲ့သူတွေနဲ့ ခရီးထွက်ရတာ ကျွန်တော့်အတွက်တော့ ပထမဆုံးပဲ
"ဇေယျာ လာလေ သွားရအောင် ကိုယ်တို့ လူတွေလည်းဝင်ခေါ်ရဦးမှာမလား"
"လာပါပြီဗျာ လာပါပြီ"
"ကဲ သွားခေါ်ရမယ့်သူတွေကိုပြောပါဦး"
" မြတ်မြင့်သူရယ် အမနန်းရယ် ဘုန်းမောင်နဲ့ မဒီတို့ကော လိုက်ဦးမလားမသိဘူး"
"ကိုယ်ဖုန်းဆက်မေးကြည့်မယ်"
"ဟုတ်"
"ဟယ်လို"
"မဒီရေ ငါတို့ သူငယ်ချင်းတွေစုပြီး ခရီးထွက်ကြမလို့ အဲ့တာနင်တို့လိုက်မလား လိုက်မယ်ဆို ငါဝင်ခေါ်ပေးမယ်လေ"
"ဪ နင်မသိသေးဘူးထင်တယ်"
"ဘာကို မသိသေးတာလဲဟ"
"ငါနဲ့ နွေးသစ်နဲ့ ဖျာပုံမှာ ပြောင်းနေတော့မလို့လေ ကျောင်းလဲ အတူတူပဲတက်မှာ"
"ဟုတ်လား သတင်းကောင်းပေါ့ဟ နင်ချစ်တဲ့သူနဲ့နေရပြီလေ"
"အေးပါဟယ် ဒီလိုနေရဖို့ကလည်းလွယ်ကူတာမဟုတ်ဘူး"
"အဲ့တော့ မလိုက်တော့ဘူးပေါ့"
"ဟုတ်တယ် ဒါပဲနော် ငါ သွားစရာလေးရှိသေးလို့"
"အေအေ"
"စိုင်းအောင် သူတို့ဘာပြောလဲ"
"ဘာမှမဟုတ်ပါဘူး သူတို့က ဖျာပုံမှာပဲ အခြေချနေမလို့တဲ့လေ အဲ့တာ မလိုက်တော့ဘူးတဲ့"
"သူနဲ့ နွေးသစ်နဲ့ ဘယ်တုန်းက အဲ့လောက်ထိအဆင်ပြေသွားတာတုန်း"
"အဲ့တာတော့ ကိုယ်လဲဘယ်သိမတုန်း"
"omm ပါ အရင်ဆုံး အကို့အိမ်ပြန်ပြီး အမနန်းကို ဝင်ခေါ်ရမယ်"
"အယ် နေပါဦး ကိုယ့်ကို ဘယ်လိုခေါ်လိုက်တာ"
"အကိုလို့ခေါ်တာလေ ဘာဖြစ်လို့တုန်း"
"ဘာမှမဖြစ်ပါဘူး"
(ဘာမှမဖြစ်ဘူးလို့သာပြောတာ ကိုယ့်မှာတော့ ဘယ်ကမှန်းမသိတဲ့ ခံစားချက်ကြီးရောက်လာတယ်ဗျာ)
YOU ARE READING
နေဝင်ချိန်ဆည်းဆာ⛅
Romanceနေဝင်ချိန်ဆည်းတာ.....⛅ အချစ်ဆိုတာက ကစားစရာတစ်ခုပဲလား ကိုယ့်ခံစားချက်တွေကကော အရေးပါရဲ့လား ချစ်မိနေပေမယ့် မသိခဲ့ဘူး သိခဲ့တဲ့အချိန်မှာလဲ နောက်ကျသွားခဲ့ပြီ ကိုယ်ချစ်ခဲ့ပေမယ့် နေဝင်ချိန်လို တစ်ချိန်ချိန်မှာသာ...... Author- နှင်းရိပ်မြုံ....