"ဟယ်လို အန်တီ''
"ပြောလေသား ဘာလို့လဲ"
"ကျွန်တော် ဒီပိတ်ရက်ပြန်လာရင်ကောင်းမလားလို့ ဒီဇင်ဘာကျောင်းပိတ်ခါနီးပြီလေ အန်တီတို့ကိုလည်း လွမ်းလို့ပါ"
"လာခဲ့လေသားရဲ့ လာမယ့်ရက်ကိုကြိုပြောနော် သားအကြိုက်ဟင်းတွေချက်ပေးလို့ရအောင်လို့"
အဝေးမှာရောက်နေတဲ့အသိအန်တီကို ဖုန်းဆက်ကာ စကားပြောနေသောသူမှာ စိုင်းအောင်ပင် အဘွားကို လွမ်း၍ ပြန်ရန် ဆုံးဖြတ်လိုက်တယ်။ ထိုအချိန်အတွင်းမှာ ဇေယျာနဲ့လည်း စကားပြောခွင့် သိပ်မရလို့ ဝမ်းနည်းရသည်။
"ဒါနဲ့ မင်း မိဘတွေဆီကောမပြန်ဘူးလား''
"ကျွန်တော်သူတို့အကြောင်းမသိချင်ဘူး''
"အေးပါကွယ်.. မင်းတို့ပဲ မကျေအေးသေးတာပဲ အန်တီလဲဘာမှမတတ်နိုင်ဘူးကွယ်''
စိုင်းအောင်မသိချင်ဆုံးက သူ့မိသားစုအကြောင်းပါပဲ... ကိုယ့်ကို ဂရုမစိုက်နိုင်လောက်အောင် သားရှိမှန်းမသိလောက်အောင်ဂရုမစိုက်နိူင်တဲ့ မိဘတွေအကြောင်းဘာလို့သိရမှာလဲနော့်
"သားအမနဲ့နေရတာကော အဆင်ပြေလား"
"ဟုတ် ပြေပါတယ်။ သူ့အလုပ်က ရာထူးတိုးလို့ ရေဆင်းကိုပြောင်းနေရမယ်တဲ့ သူ့ကို အစိုးရက တိုက်ခန်းပေးထားတယ်လို့တော့ပြောတယ်"
"အော် အဲ့တာဆို အိမ်ကို သားပဲ ထိန်းသိမ်းထားလိုက်နော် အမကဘယ်နေ့ပြောင်းမှာလဲ"
"နောက်အပတ်ထဲတဲ့"
"ဟုတ်ပါပြီ သားရယ် အိမ်မှာ သားတစ်ယောက်ထဲဆိုပြီး ကောင်မလေးကို အိမ်ပေါ်ခေါ်မထားနဲ့ဦးနော်"
"ဟာ အန်တီကလဲ ဘာတွေလာပြောနေတာလဲ ကျွန်တော့်တောင်မအားတဲ့ထဲ အဲ့လိုကိစ္စတွေ စိတ်မဝင်စားသေးဘူး"
"အန်တီက စ တာပါ''
ထိုအခိုက် စိုင်းအောင်ဆီသို့ ဒုတိယ ဖုန်းကောလ်လေးဝင်လာလေတယ်။ ထို့ဖုန်းကတော့ ဇေယျာဆီကပင်။ ဇေယျာက တစ်ခါမှ သူ့ကိုဖုန်းမဆက်ဘူးတာမို့ စိုင်းအောင်နည်းနည်းကြောင်သွားကာ အမေ့ကို
YOU ARE READING
နေဝင်ချိန်ဆည်းဆာ⛅
Romanceနေဝင်ချိန်ဆည်းတာ.....⛅ အချစ်ဆိုတာက ကစားစရာတစ်ခုပဲလား ကိုယ့်ခံစားချက်တွေကကော အရေးပါရဲ့လား ချစ်မိနေပေမယ့် မသိခဲ့ဘူး သိခဲ့တဲ့အချိန်မှာလဲ နောက်ကျသွားခဲ့ပြီ ကိုယ်ချစ်ခဲ့ပေမယ့် နေဝင်ချိန်လို တစ်ချိန်ချိန်မှာသာ...... Author- နှင်းရိပ်မြုံ....