Part-2(Unicode/Zawgyi)

2.1K 61 1
                                    

Unicode

နေရောင်ခြည်ဟာကိုယ်ယောင်ပြလာသည်နှင့် ဤ​​ဒေသ၏မနက်ခင်းသည်လည်း လှပနေလေ၏။ဆောင်းရာသီ၏နေရောင်သည် အအေးဓာတ်ကိုနွေးထွေးမှုအဖြစ်ပြောင်းလဲစေနိုင်သည်။နေရောင်ခြည် တစ်ဖြည်းဖြည်းမြင့်တင်လာသည်နှင့် လူတွေ၏လှုပ်ရှားမှုသည်လည်း ပို၍တိုးများလာလေသည်။

ဤဒေသ၊ဤနေရာ၏ ​မနက်ခင်းနေရောင်သည် စိတ်ကိုလန်းဆန်းမှုများပေးနိုင်သည်တဲ့။မှန်လည်းမှန်နိုင်ပါသည်။သို့သော် ဓာလီအဖို့အတွက် မနက်ခင်းနေရောင်သည်မှေးမှိန်နေလေရဲ့။မနေ့ကညည့်နက်သွားသည်နှင့် အိပ်မက်ဆိုးများ၏အကျိုးကျေးဇူးကြောင့် လန်းဆန်းမနေနိုင်။ဒါပေမယ့်လည်း ဓာလီအတတ်နိုင်ဆုံး စိတ်ကိုလန်းဆန်း လွတ်လပ်ပေါ့ပါးမှုရှိသွားအောင် ဘုရားဝတ်ပြုစိပ်ပုတီးစိပ်ခြင်းနဲ့ လေ့ကျင့်ခန်းကိုသာအချိန်ယူဖြစ်လိုက်သည်။

****************

" မင်္ဂလာနံနက်ခင်းပါမောင်လေး "

" ဟုတ် Morning ပါ "

မနက်စာအတွက်တော့ ဓာလီ ကောဖီတစ်ခွက်နှင့်ပေါင်မုန့်တစ်ချပ်တာစားဖြစ်သည်။အစာကိုအများအစား မစားတတ်ပေ၊ဒီတိုင်းဗိုက်ထဲအစာရှိနေရင်ကိုဘဲ အဆင်ပြေနေပါပြီ။အစာအိမ်က ဤမျှလောက်ဘဲလက်ခံတော့ ဤမျှလောက်ဘဲထည့်ပေးဖြသ်သည်။

" မောင်လေး.......စိတ်မရှိရင်မေးခွန်းနည်းနည်းလောက်မေးလို့ရမလား...."

" ဟုတ်...မေးပါရပါတယ်..."

ဝန်ထမ်းကောင်မလေးနှစ်ယောက်သည် ဓာလီဆီမှ 'မေးပါ' ဟူ၍ အဖြေရသည်နှင့်တစ်ယောက်နှင့်တစ်ယောက်လက်တို့နေကြသည်။ကြည့်ရသလောက် မေးဖို့ရာရှက်နေကြသည့်ပုံပင်။

" ဟို....ဟိုလေ....မောင်လေးက relationship လားလို့ပါ "

" ဗျာ.....ကျွန်တော်လား....ကျွန်တော်ရည်းစားမထားပါဘူးဗျာ ၊ ကျွန်တော် relationship ဖို့ရာအတွက်အချိန်မရှိလို့ပါ ပြီးတော့အချိန်လဲမပေးနိုင်လို့ပါ.....ကိုယ့်အပူနဲ့ကိုယ်မို့လို့သူများကိုမကူးစက်ချင်ပါဘူး "

" ဪ....ဟုတ်ကဲ့ပါ ကျွန်မတို့က ဒီတိုင်းမေးကြည့်တာပါ ရုပ်ရည်လဲပြည့်စုံအလုပ်လဲကြိုးစားတဲ့သူမို့လို့ မောင်လေးရဲ့ချစ်သူရည်းစား​လေးက တော်တော်ကံကောင်းမှာဘဲလို့ပြောနေကြတာပါ။"

SarYar(​ဆြာ)Where stories live. Discover now