Part-24(Uni/Zawgyi)

1.1K 33 14
                                    


Unicode

ဒေါက်... ဒေါက်...

တံခါးခေါက်သံကြောင့် စိုးစက်အိပ်နေရာမှ ထကာ တံခါးဆီသို့လျှောက်သွားလိုက်သည်။တံခါးဖွင့်လိုက်တော့ အသွင်မတူတဲ့လူနှစ်ယောက်ရပ်နေလေ၏။မျက်နှာခပ်တည်တည်နဲ့ကတစ်ယောက် စပ်ဖြဲဖြဲနဲ့မျက်နှာကတစ်ယောက် တံခါးဝတွင်ရပ်နေကြသည်။

" ဘာကိစ္စ "

" သခင်ကြီးကအခေါ်တော်လွတ်လိုက်လို့ပါ ချက်ချင်းလာပါတဲ့ သခင်ကြီးသူရတို့အောက်ထပ်မှာရောက်နေပါတယ် "

" နေ့ခင်းကြောင်တောင် အခန်းမှာခိုးစားနေကြတာလား"

သူရစကားဖြတ်ပြောလိုက်တော့ စိုးစက်ရောစျောန်ပါ သူ့ထံအကြည့်ရောက်သွားသည်။လေကြောမဖြတ်နိုင်တဲ့ ဒီတစ်ကောင့်သားကို အိမ်ပေါ်ကကန်ချပလိုက်ချင်သည်။

" နေ့ခင်းမကလို့ ညဖြစ်ဖြစ်လူအိပ်ချိန်ဖြစ်ဖြစ် ငါ့ငါစားချင်တဲ့အချိန်စားမှာ မင်းအပူမပါဘူး၊ ဒါဘဲမလား"

" ဟုတ် "

" အဲ့ဆိုလဲ "

စိုးစက်ပြောရင်း တံခါးဆွဲပိတ်နေလေ၏။

" ဟေ့ကောင်စိုးစက်အခုချက်ချင်းတဲ့နော် "

" သိတယ်လို့ ခွေးသားရဲ့ "

မပြီးနိုင်သောစကားတွေကြောင့် စိုးစက်အဆဲတလိုင်းထွက်လာရတော့သည်။သတ်သတ်လေကြောရှည်နေတာ မပြီးတော့ဘူး ကိုယ့်အပူတော့ကိုယ်မပူဘူး သူများမီးစကိုကျ လာစွချင်နေသေးတယ် စိတ်ရှိလက်ရှိပိတ်ရိုက်ပလိုက်ချင်ရ။

" ဪ.. ဒါနဲ့ ငါပြင်ဆင်ခိုင်းထားတဲ့ဟာ ယူလာခဲ့ "

စိုးစက် စျောန်ကိုကြည့်လိုက်တော့ သဘောပေါက်ဟန်မျက်နှာလုပ်ပြလာသည်။

" ဟုတ် "

" ဘာယူလာခိုင်းတာလဲ ဘာတွေခိုးလုပ်နေကြတာလဲ ငါမသိအောင် မဟုတ်မှမင်းတို့.. "

‌ဖြောင်း...

" ကဲကွာ ဘာတွေစဉ်းစားနေတာလဲ မင်းမေကြီးတော်မဟုတ်တာတွေစဉ်းစားချင်အုံး "

စိုးစက် သူရခေါင်းကို မညင်မသာတီးလိုက်ခြင်းဖြစ်သည်။ မဟုတ်တာတွေရှောက်စဉ်းစားနေတာ ခေါင်းထဲအချိန်ပြည့်ဒီလိုဟာတွေ ပြည့်နေတဲ့ဒင်းကိုဒီထက်နာနာ တီးပေးရမှာ။

SarYar(​ဆြာ)Where stories live. Discover now