Unicode
"မင်္ဂလာပါ ကိုမင်းစိုး"
"မင်္ဂလာပါ ကိုသူရ၊ ရာထူးတိုးသွားတဲ့ဂုဏ်ပြုပါတယ် ကိုသူရ"
"ကျေးဇူးပါ ကိုမင်းစိုးရေ၊ ရာထူးလဲတိုး သမက်တိုးပေါ့ဗျာ မဟုတ်ဘူးလား"
"ဟုတ်ပါ့ဗျာ ၊ ဒါနဲ့ သမီးဇူးရော ဆင်းမလာသေးဘူးလား"
" နေ့ထူးနေ့မြတ်ဆိုတော့ အားလုံးထဲထင်းထွက်အောင်အလှပြင်နေတာနေမှာပေါ့ ပြီးတော့မင်းသား,စိုးစက်ရောပွဲတတ်မှာဆိုတော့ပိုထူးခြားနေရမှာပေါ့"
"တို့တွေသမီးဇူးက လှပြီးသားပါဗျာ၊ တော်ကြာ ပုရိသ သားတွေလိုချင်တတ်မက်မှုများနေပါအုံး၊ ကြိုပြောထားမယ်နော် သမီးဇူးက ငါ့ချွေးမဘဲနော်"
"အေးပါကွာ သားစိုးစက်လဲဘဲငါ့သမက်ပါဘဲကွာ ၊ အော်, ပြောရင်းနဲ့ သားစိုးစက်တို့ရောက်လာပြီဘဲ"
"မင်္ဂလာပါ အန်ကယ် "
"အေး မင်္ဂလာပါကွယ် ၊ ဒါနဲ့ သူလေးက..."
ဓာလီကို မြင်တော့ ဦးသူရရဲ့စိတ်ကိုလွှမ်းသွားတော့သည်။ ဘယ်လိုကြောင့် စိုးစက်နဲ့အတူပါလာရတာလဲ၊ ဝတ်ပုံစားပုံအရတော့ အရာရှိတန်းတွေဝတ်တဲ့အဝတ်စားပါဘဲ၊ ရုပ်ကလေးကလဲချောမွေ့ပြီး နှစ်လိုဖွယ်ကောင်းတယ်။
ကြည့်မိတဲ့သူတိုင်းကို ဆွဲဆောင်နေတဲ့မျက်လုံးတစ်စုံ ၊ ဖြောင့်ဆင်းပြီး နှစ်လိုဖွယ်ကောင်းတဲ့နှာတံ ၊ ဖူးမို့နေပြီး စိတ်ကိုလှုပ်ခတ်စေတဲ့နှုတ်ခမ်းလေးဟာ ကိုယ့်ရဲ့အာရုံတစ်ခုလုံးကို ဝင်ရောက်နေရာယူခဲ့လေပြီ။
စိုးစက် ဦးသူရ သူ့အားစိုက်ကြည့်နေသည်ကိုမြင်တော့ ဓာလီလက်ကိုဆွဲကာ အနောက်သို့ပို့လိုက်သည်။ အလိုမကျဘူး အဲ့လိုအကြည့်တွေကို ကိုယ်တစ်ယောက်ထဲကြည့်တဲ့အကြည့်မျိုးကို တခြားလူမျက်နှာမှာမြင်လိုက်ရတော့ စိုးစက်ရင်ထဲပူလှောင်သွားရသည်။ ဒီမလာခင်တောင် ဒီစိတ်ကြောင့် စကားများခဲ့ရသေးသည်။
........
" ခုချက်ချင်းအဲ့အဝတ်ကိုလဲလိုက် "
" ဘာလို့လဲ၊ သခင်လေးဝတ်ခိုင်းတဲ့အဝတ်ဘဲဝတ်တာပါ "

YOU ARE READING
SarYar(ဆြာ)
Фэнтезиwarning 18+အခန်းများပါဝင်မှာမို့ ဖတ်ခြင်းမဖတ်ခြင်းကစာဖတ်သူတွေရဲ့ရွေးချယ်မှုပါ။ Genre: Bl/fantasy ⛔ဤဝတ္ထု ဤဇာတ်လမ်းသည် အပြင်လက်တွေ့လောကနှင့် မည်သည့်မည်ပုံမျှဆက်သွယ်ခြင်းမရှိပါ။လက်တွေ့ဘဝနှင့် ဘယ်နည်းနဲ့မှ နှိုင်းယှဉ်ခြင်းမပြုလုပ်ကြပါနှင့်။လေးစားသမှုဖ...