Unicode
ဓာလီသခင်လေးသူရအနောက်တွင်ကပ်၍သာနေတော့သည်။ဓာလီမျက်လုံးကိုစူးစိုက်ကြည့်နေသည့်ထိုသခင်ကြီးဆိုသူမှာဓာလီအားကျားရဲတစ်ကောင်လိုစိုက်ကြည့်နေတော့သည်။ဓာလီမှာကြောက်စိတ်တွေဖြင့်အလိုလိုအသက်ရှုကျပ်လာရသည်။ဘာဖြစ်လို့လဲတော့မသိ ခါတိုင်းဘယ်အရာကိုမှမကြောက်တတ်တဲ့ကိုယ် ထိုသခင်ကြီးဆိုသူစိုက်ကြည့်နေသောအကြည့်များကိုတော့ကြောက်နေမိသည်။
" မေးနေတာမကြားဘူးလား "
နောက်တစ်ခေါက်ထပ်အော်လာတော့မှ ဓာလီအသိစိတ်ကပ်မိတော့သည်။
" တော်တော်အတင့်ရဲပါလား သခင်တစ်ယောက်ရဲ့ကုတင်ပေါ်တတ်ထိုင်ရဲလောက်အောင်တော်တော်ရဲတင်းနေတယ်ပါ့ အပြင်ကဝင်လာခဲ့ကြစမ်း"
အပြင်မှမိခိုင်နဲ့မိဝါနှစ်ယောက်ဝင်လာခဲ့သည်။မိခိုင်နဲ့မိဝါနှစ်ယောက်စလုံးသည် အပေါ်ကိုမော့မကြည့်ရဲလောက်အောက်ပင်ကြောက်ရွံ့နေကြသည်။
" သူ့ကိုအပြစ်စီရင်ခန်းပို့လိုက်"
သခင်ကြီးထိုသို့ပြောလိုက်မှ မိခိုင်နဲ့မိဝါပိုကြောက်ရွံ့မိသွားတော့သည်။ ဒုတိယသခင်လေးနဲ့တတိယသခင်လေးသာသိသွားလျှင် ထိုနေရာကမိခိုင်နဲ့မိဝါအတွက်ဖြစ်သွားရလိမ့်မည်။ သခင်ကြီးအမိန့်ကိုလဲမလွန်ဆန်ပါ ၊ ဘယ်နည်းနဲ့မှကိုမလွန်ဆန်ဝံ့ပါ။ စံအိမ်ကြီးရဲ့အရှင်သခင်ဖြစ်တဲ့ သခင်ကြီးရဲ့စကားကိုလွန်ဆန်ရင်တော့သေမင်းကိုဖိတ်ခေါ်သည်နှင့်မခြားပေ။
ဓာလီအံ့ဩမိသွားတော့သည်။ ကိုယ်လဲဘာအပြစ်မှမပြုလုပ်ဘဲ အပြစ်စီရင်ခန်းပို့လိုက်ဟုဆိုတော့ဓာလီကြောက်စိတ်ကနေ အံဩစိတ်များဖြစ်ပေါ်သွားတော့သည်။ ဓာလီအစေခံတစ်ယောက်မှန်းတော့သိပါတယ် ဒါမေယ့်ဒါက...ဓာလီလဲဘာအပြစ်မှမလုပ်ထားမိဘဲ ကုတင်ပေါ်လေးတတ်ထိုင်မိတာအပြစ်ကြီးဖြစ်သွားတာလား။
'လွန်တာပေါ့ တော်တော်အတ္တကြီးကြတယ် ဓာလီကိုတစ်ယောက်ပြီးတစ်ယောက်စိတ်ဒဏ်ရာပေးနေကြတယ်'
" ဉီးလေးအထင်မလွဲပါနဲ့...အကိုဓာလီကစိုးစက်အဖို့အဝတ်လဲပေးနေတာပါဘာရည်ရွယ်ချက်မှမရှိပါဘူး"
YOU ARE READING
SarYar(ဆြာ)
Fantasiwarning 18+အခန်းများပါဝင်မှာမို့ ဖတ်ခြင်းမဖတ်ခြင်းကစာဖတ်သူတွေရဲ့ရွေးချယ်မှုပါ။ Genre: Bl/fantasy ⛔ဤဝတ္ထု ဤဇာတ်လမ်းသည် အပြင်လက်တွေ့လောကနှင့် မည်သည့်မည်ပုံမျှဆက်သွယ်ခြင်းမရှိပါ။လက်တွေ့ဘဝနှင့် ဘယ်နည်းနဲ့မှ နှိုင်းယှဉ်ခြင်းမပြုလုပ်ကြပါနှင့်။လေးစားသမှုဖ...