Unicode
သေနတ်သံကြောင့်ဓာလီပြေးနေရာမှနောက်လှည့်ကြည့်မိတော့ ကျည်ဆံမှာသူ့ကိုယ်ထဲဖောက်ဝင်နေ လေ၏။ဓာလီထိပ်လန့်အံ့ဩသွားရ၍ထိုနေရာတွင်သာရပ်ကာငေးကြည့်နေမိတော့သည်။
" သခင်လေးကိုကာကွယ်ကြ...သူတို့ကိုဖမ်းကြအရှင်ရရအသေရရ "
" ဟုတ် "
ထို့နောက်ဓာလီနောက်မှ လူအုပ်စုများကရောက်ရှိလာခဲ့ကြသည်။ဓာလီကိုကျော်တတ်ကာသူရှိရာသို့အပြေးသွားနေကြတော့သည်။ဓာလီတုပ်တုပ်မျှမလုပ်နိုင်တော့ဘဲသွေးလန့်ကာရပ်ကြည့်နေမိတော့သည်။
' ဓာလီ..ဓာလီ အကြောက်ဆုံးကကိုယ့်အနားကလူတွေထွက်ခွာသွားကြမှာကိုဘဲ...'
သူ.. နောက်ဆုံး.. ဓာလီကိုကြည့်သွားသည့်အကြည့်မှာနှလုံးသားထဲသေမတတ်အောင်နာကျင်စေတယ်။
" အကိုဘာဖြစ်သွားသေးလဲ "
နံဘေးနားကနေ ဓာလီကိုမေးလာတော့မှ ဓာလီငေးကြည့်နေရာမှအကြည့်များလွဲလာရသည်။ကြောက်ရွံ့သည်ထက်ပိုသည်။မည်သည့်လောက်ပင်မုန်းသည်ဟုဆိုဆို ကိုယ့်မျက်စိရှေ့ထိုဖြစ်ရပ်မျိုးမြင်တော့ပို၍တုန်လှုပ်ခြောက်ခြားမည်သွားသည်။
" ဘာ..ဘာမဖြစ်ပါဘူး "
ဒိုင်း...
စိုးစက်တို့ဘက်များကလဲအဆက်မပျက်ပစ် တဖက်အဖွဲ့ကလဲတိမ်းရှောင်ကာပစ်နေသည်။စိုးစက်တို့ဘက်မှလူအင်အားများသောကြောင့် တဖက်အဖွဲ့ကကာပစ်ကာထွက်သွားကြသည်။စိုးစက်ကြမ်းပြင်ပေါ် ပက်လပ်အနေထားဖြစ်သာ လဲကျနေတော့သည်။
" သခင်လေး........ကားအမြန်မောင်းခဲ့ကြ..."
" ခေါင်းဆောင်...သခင်လေးကိုဆေးရုံခေါ်သွားရမလား"
"မဖြစ်ဘူး...သခင်လေးသေနတ်မှန်တဲ့အကြောင်းဘယ်သူမှကိုပေးသိလို့မဖြစ်ဘူး စံအိမ်သေးကိုအနောက်ပေါက်ကနေဝင်မယ်...အဆင်သင့်သမားတော်သွားပင့် လိုအပ်သာရှိတာအကုန်လုပ်ခိုင်းထားကြ "
" ဟုတ်ခေါင်းဆောင် "
ခေါင်းဆောင်ဖြစ်သူ အမိန့်ပေးလိုက်တော့ အားလုံးကိုယ်စီလုပ်ဆောင်ကြတော့သည်။

YOU ARE READING
SarYar(ဆြာ)
Fantasywarning 18+အခန်းများပါဝင်မှာမို့ ဖတ်ခြင်းမဖတ်ခြင်းကစာဖတ်သူတွေရဲ့ရွေးချယ်မှုပါ။ Genre: Bl/fantasy ⛔ဤဝတ္ထု ဤဇာတ်လမ်းသည် အပြင်လက်တွေ့လောကနှင့် မည်သည့်မည်ပုံမျှဆက်သွယ်ခြင်းမရှိပါ။လက်တွေ့ဘဝနှင့် ဘယ်နည်းနဲ့မှ နှိုင်းယှဉ်ခြင်းမပြုလုပ်ကြပါနှင့်။လေးစားသမှုဖ...