Part-23(Unicode/Zawgyi)

725 25 2
                                    

Unicode

လေပြေတွေ တိုက်ခက်နေတဲ့ တိမ်တွေလဲအုပ်မဲကာနေလေရဲ့။ ဆောင်းအကူးနွေကာလ အချိန်အကာဟုတ်၍လားတော့မသိ ကောင်းကင်ထက်ညိုမဲဆွဲနေတော့သည်။ ဤမိုးသာရွာပြီးလျှင်တော့ သေချာပေါက်ဆောင်းကာလရောက်လာပေတော့မည်။

" ဒုဓာလီနှောင် "

" ဒုဓာလီနှောင်... ကျုပ်ခေါ်နေတာခင်ဗျားမကြားဘူးလား"

ဓာလီ ပြတင်းပေါက်နားရပ်ကာ ပုံမှန်ရှိမနေသော ရာသီဉတုအား ဝေဖန်နေခြင်းကြောင့် ခေါ်သံကိုမကြားလိုက်လေခြင်းဖြစ်သည်။

" သခင်လေး ဘာလိုလို့လဲ "

" ကျုပ်ခေါ်သံတောင်မကြားရအောင် ခင်ဗျားအတွေးတွေက ဘယ်လင်ဆီရောက်နေလို့လဲ "

ဓာလီ သက်ပြင်းမသိမသာချကာ သူ့နားသို့လျှောက်သွားလေသည်။ ထင်ရာဇွတ်ပြောတတ်သော သူ့ကြောင့် ၊ သူ့ကြောင့်သာ ဓာလီဂုဏ်သိက္ခာရှိရှိသမျှ မီးခိုးငွေ့လိုပျောက်ကွယ်သွားရတော့သည်။

' မင်းတွက်ငါက အဲ့လောက်တောင်ဘဲအသုံးမဝင်တာဘဲလား'

" သခင်လေးဗိုက်ဆာနေပြီလား ကျွန်တော်အောက်ဆင်းပြီးသွားယူပေးပါ့မယ် "

ဘာလဲ။ စေတနာတွေကောင်းလို့ပါလား၊ ဒုဓာလီနှောင်တစ်ခြားလူများလဲလိုက်တာလား စေတနာတွေဇွတ်ကောင်းနေတော့လူတွေဘာတွေဝိညာည်တွေများလဲလိုက်ကြတာလားလို့။

" နေနေ ၊ ကျုပ်ခြေလက်မျက်နှာသစ်ချင်တယ် "

" ဟုတ်ကဲ့ "

ဓာလီအပြင်ထွက်ဖို့ပြင်နေသောခြေလမ်းများ နောက်ပြန်လှဲ့ကာ သူ့ကိုယ်အားထိန်းကိုင်ကာ ရေချိုးခန်းရှိရာသို့ဉီးတည်သွားလေတော့သည်။

သူ့ကိုယ်ပေါ်ရှိအဝတ်တွေအား ဖြေးညင်းစွာချွတ်ကာ ရေဇလုံထဲရှိနေသော ထဘက်အားရေညစ်ကာသူ့ကိုယ်ပေါက်တိုက်ချွတ်ပေးနေ၏။ ဓာလီသိပါတယ် သူဓာလီကို ထူးဆန်းတဲ့အကြည့်တွေနဲ့ကြည့်နေမယ်ဆိုတာ၊ ကြည့်ပါစေတော့ သူဒီလိုဖြစ်သွားတာဘယ်သူကြောင့်လဲ။ ကိုယ့်ကိုကိုယ်အပြစ်ရှိစိတ်က သံတံတိုင်းလိုကာဆီးထားနေတော့သည်။

SarYar(​ဆြာ)Where stories live. Discover now