Part-7(Unicode/Zawgyi)

1.5K 69 3
                                    

Unicode

ပြွတ်!!

ဓာလီမျက်လုံးများပြူးကျယ်သွားရလေတော့သည်။ထင်မှတ်မထားသော အပြုအမှုကိုပြုလုပ်နေသော ထိုလူအားဓာလီအံ့သြသွားရလေသည်။

" ဟင်း... ဖ..ယ်...."

ဓာလီရဲ့နှုတ်ခမ်းတွေကိုမရမက နမ်းရှိုက်လာသောကြောင့် ဓာလီအတင်းတွန်းဖယ်လာ၏။ နူညံမှုများမပါဝင်သော အနမ်းများသည်ဓာလီနှုတ်ခမ်းတစ်စုံအားဝါးမျိုတော့မည်အလား နမ်းနေလေ၏။စေ့စေ့ပိတ်ထားသော ဓာလီပါးစပ္မ်ားကိုဖ်စ္ညစ္လာ၍ သူ၏လျှာပါးစပ်တွင်းထဲသို့တိုးဝင်လာပြီး ဓာလီရဲ့လျှာအား စုပ်ယူနေလေ၏။

ဓာလီလက်များလွတ်မြောက်သည်နှင့် သူ့ကျောကုန်းအားထုရိုက်တော့သည်။ရွံတယ်.. ဓာလီကိုဒီလိုဆက်ဆံတာတွေကိုရွံတယ် ကိုယ့်သိက္ခာကိုယ်ထိန်းသိမ်းလာခဲ့တဲ့တစ်လျှောက် ဒီလူနဲ့ကျမှရစရာမရှိအောင်ကိုပင် ဖြစ်ရလေတော့သည်။

" ဟင်း....."

ရပ်တန့်မိပုံမပေါ် ထိုလူလုပ်ရပ်များသည် ပို၍အကြမ်းဘက်ရောက်လာနေသည်။ရုန်းကန်လေပိုပြီးတင်းကြပ်ထားလေသည်။မျက်နှာတစ်ခွင်နမ်းရှိုက်ထားသည်မှာလဲ ရစရာကိုပင်မရှိတော့ပေ။လက်ကိုစုကိုင်ထားပြီး နှုတ်ခမ်းများကိုလဲအလွတ်မပေးချေ။

" ဟင်း... တော်..တော်ပါတော့...."

ဓာလီအသက်ရှုကြပ်လာသောကြောင့် ငို၍သာလွတ်ပေးဖို့တောင်းဆိုမိတော့သည်။မျက်နှာတစ်ဝိုက်သူနမ်းထားသည့်အရာများစွာတွေနှင့် မျက်ရည်များကလည်းအဆက်မပျက်စီးဆင်းနေလေ၏။

ဓာလီငိုရှိုက်လာမှ ချုပ်နှောင်ထားသောလက်နှင့် နမ်းနေခြင်းကိုရပ်တော့သည်။ဓာလီမျက်နှာအားခေါင်းအုံးနှင့်ထိကပ်စေပြီး မျက်ရည်များမှာခေါင်းအုံးတစ်ဝိုက်စိုစွတ်စေတော့သည်။စိုးစက်ကုတင်မှထကာထရပ်လိုက်သည်။ငိုရှိုက်နေသော ဓာလီအားကြည့်၍ စုတ်ချက်များစွာသပ်နေ​ေလတော့သည်။

" ကျစ်..... "

ချွတ်ပစ်ထားသောအပေါ်ထပ်ကုတ်အား ကောက်ယူ၍အခန်းထဲမှထွက်သွားလေတော့သည်။တံခါးပိတ်သည်မှာလဲ ကျယ်လှောင်စွာကြမ်းတမ်းလှသည်။

SarYar(​ဆြာ)Where stories live. Discover now