Unicode
" ကျွန်တော်...ခဏအောက်ဆင်းလိုက်ပါအုံးမယ်သခင်လေး "
" မဆင်းရဘူး...လိုတာခေါ်ပြောလိုက် "
ဓာလီအခက်တွေ့နေရပြီ။စံအိမ်ကြီးမှာ ဓာလီခြေကျင်ဝတ်အမြန်သွားရှာရမည်။အချန်ကြာလာရင်ပျောက်သွားမှာကဆိုးရသောကြောင့် ဤနေရာကထွက်ဖို့လိုသည်။ခက်သည်က ဓာလီအားအပြင်ကိုပေးမထွက်နေတာဖြစ်သည်။အကြောင်းတစ်ခုပြီးတစ်ခုတော့ပြရတော့မည်။
" ဟို...ကျွန်တော့်အခန်းမှာအရေးကြီးပစ္စည်းယူစရာရှိသေးလို့သွားယူပရစေသခင်လေး "
စာဖတ်နေရာမှ စာအုပ်ကိုပိတ်ကာဓာလီကိုတည့်တည့်စိုက်ကြည့်လာ၏။ထိုင်ခုံမှထကာ စာအုပ်အားစာပွဲတွင်တင်ပြီး ဓာလီဆီလျှောက်လာလေ၏။
" ကျုပ်ပြောတာနားမလည်တာလား ဒါမှမဟုတ်နားမပါတာလား "
ဓာလီရပ်နေသည့်နေရာသို့တည်တည့်တည့်လျှောက်လာပြီး မျက်နှာနားထိငုံ့ကိုင်းလာကာပြောလာလေ၏။
" ဘာလို့ကျွန်တော့်ကို အခန်းထဲအကျင်းသားတစ်ယောက်လိုပိတ်လှောင်ထားရတာလဲ...ကျွန်တော်လဲသာမန်လူတစ်ယောက်ပါဘဲသူများလိုကိုယ်ပိုင်လွတ်လပ်ခွင့်တော့ရှိသင့်တာပေါ့ "
ဓာလီထိုလူမျက်လုံးတည့်တည့်စိုက်ကြည့်ပီး ပြောလိုက်၏။ဓာလီလဲ လူသားတစ်ယောက်ဘဲလေ တန်းတူလွတ်လပ်ပိုင်ခွင့်တော့ရသင့်တာပေါ့။ခုကလှောင်အိမ်ထဲပိတ်ခံထားရတဲ့ငှက်ငယ်လို ပိတ်လှောင်ခံထားရသလိုဘဲ။သူများတွေလိုလွတ်လပ်စွာသွားလာခွင့်တော့ရသင့်တာဘဲလေ။
" လွတ်လပ်ပိုင်ခွင့်ဆိုတာမင်းမှာမရှိရဘူး... ခင်ဗျားကကျုပ်လှောင်ပိတ်ထားတဲ့ငှက်သူငယ်ဘဲ "
" ကျုပ်သွားဆိုသွား လာဆိုလာရမယ်... ခင်ဗျားလွတ်လပ်ပိုင်ခွင့်ကိုကျုပ်ဘဲပိုင်တယ်ကျုပ်စကားကလွဲကျန်တဲ့လူစကားမနားထောင်ရမှာကခင်ဗျားအလုပ်ဘဲ နားလည်လား....."
ဓာလီမျက်လုံးအိမ်ထဲမျက်ရည်များစိုစွတ်လာတော့သည်။မငိုအောင်အတင်းထိန်းထားရသည်။စိတ်လဲတိုဝမ်းလဲဝမ်းနည်းနေ၏။ဒီလူတော်တော်အတ္တကြီးတာဘဲ အရာအားလုံးသူ့အပိုင်ဖြစ်သတ်မှတ်ထားတာ။လောဘကြီးတဲ့လူသားတစ်ယောက်ဘဲ ဘယ်လောက်ဘဲဓာလီမှာသူ့ကိုတွန်လန်နိုင်တဲ့အာဏာမရှိပေမယ့်လူသားတစ်ယောက်အဖြစ်ကိုယ့်စိတ်သဘောတိုင်းတော့ပြုမှုနေထိုင်သင့်တယ်မဟုတ်လား။ကံတရားကဘဲမတရားတာလား ဓာလီကိုကဘဲမတရားအောင်လုပ်နေတာလားမသိတော့ပေ။

YOU ARE READING
SarYar(ဆြာ)
Fantasíawarning 18+အခန်းများပါဝင်မှာမို့ ဖတ်ခြင်းမဖတ်ခြင်းကစာဖတ်သူတွေရဲ့ရွေးချယ်မှုပါ။ Genre: Bl/fantasy ⛔ဤဝတ္ထု ဤဇာတ်လမ်းသည် အပြင်လက်တွေ့လောကနှင့် မည်သည့်မည်ပုံမျှဆက်သွယ်ခြင်းမရှိပါ။လက်တွေ့ဘဝနှင့် ဘယ်နည်းနဲ့မှ နှိုင်းယှဉ်ခြင်းမပြုလုပ်ကြပါနှင့်။လေးစားသမှုဖ...