Part-21(Unicode/Zawgyi)

1.2K 45 1
                                    

Unicode

"သားဓာလီအောက်ဆင်းပြီးတစ်ခုခုသွားစားလိုက်ပါအုံး မိခိုင်ကိုစောင့်ခိုင်းထားလိုက်မယ်တစ်မနက်လုံးဘာမှစားသေးတာလဲမဟုတ် အောက်ဆင်းပြီးတစ်ခုခုသွားစားလိုက်ပါဗိုက်နာလိမ့်မယ်"

ဓာလီခေါင်းသာခါယမ်းမိသည်။ဘယ်လိုစိတ်နဲ့များဓာလီအစာဝင်နိုင်မှာလဲ၊ကိုယ့်ကြောင့်နဲ့လူတစ်ယောက်အသက်လုနေရချိန်ကိုယ်ကဘယ်စိတ်နဲ့များအစားဝင်နိုင်မှာလဲ။ဓာလီအသံထွက်မလာဘဲခေါင်းသာခါမိနေသည်။

" ဓာလီလေးရယ်ခေါင်းမမာပါနဲ့ ကိုယ့်ကျန်းမာရေးလဲဂရုစိုက်ရမယ်လေအားပျက်သွားလိမ့်မယ်သွားစားလိုက်ပါ...သခင်လေးတစ်ခုခုပုံမမှန်လာရင်အဒေါ်တို့ချက်ချင်းလာပြောပေးပါ့မယ်"

" ကျွန်တော်စားချင်စိတ်မရှိဘူးဒေါ်ဒေါ်"

"စားချင်စိတ်မရှိဘူးဆိုပြီးမစားဘဲနဲ့မနေရဘူးလေ သွားလိုက်ပါဓာလီလေးရယ်ဒေါ်ဒေါ်တို့စောင့်ထားပေးမယ်"

ဓာလီဒေါ်လေးစကားမလွန်ဆန်ချင်သောကြောင့် မစားချင်ပေမယ့်ဆင်းစားလိုက်မည်။ဓာလီသူ့ကိုယ်စားခွန်အားရှိနေရမယ်လေ။သူ့ဝေယျာဝစ္ဆတွေလုပ်ပေးဖို့တွက်ဓာလီအားရှိနေရမှပေါ့ မဟုတ်ရင်အပြစ်ရှိစိတ်တွေကဓာလီကိုခြောက်လန့်နေလိမ့်မယ်။

" ကျွန်တော်ဆင်းသွားလိုက်ပါ့မယ် "

ဓာလီပြောပြီးအောက်ထပ်သို့ဆင်းသွားတော့သည်။

*********

" အကိုထမင်းစားမလို့လား မိဝါပြင်ပေးမယ်လေ"

" ရတယ်အကို့ဟာလုပ်လိုက်မယ် "

" မိဝါလုပ်ပေးပါ့မယ် အကိုကအေးဆေးထိုင်စားနေ"

ပြောမရသည့်အဆုံးမိဝါလုပ်ပေးသည်ကိုသာထိုင်စောင့်နေမိသည်။ဘေးနားမှမိဝါလဲထမင်းပန်ကန်ထဲထမင်းတွေထည့်ပေးနေပြီး ပန်ကန်ကိုဓာလီရှေ့ချပေးလာ၏။

" ရပြီနော်အကိုဒီမှာ "

" ကျေးဇူးပါ "

" အကိုသခင်လေးကပြန်သတိရလာမှာပါအရမ်းလဲစိတ်မပူပါနဲ့နော် "

မသွားသေးဘဲဓာလီအနားနေ၍ပြောလာလေ၏။ဓာလီဖြစ်ပျက်နေသည့်ပုံကအဲ့လောက်တောင်သိသာနေသည်လား။ဘေးပတ်ဝန်းကျင်လဲမကြည့်မိတော့ပေ။သူအမြန်သတိရလာဖို့သာဓာလီမျှော်လင့်နေမိတော့သည်။

SarYar(​ဆြာ)Where stories live. Discover now